ရှာဖွေရန်

တိုဖူးခြောက်ချက်

 

တိုဖူးခြောက်ချက်
ရှမ်းပြည်ဒေသထွက်အစားအစာတခုဖြစ်တဲ့တိုဖူးခြောက်ကိုအတော်များများစားဖူးကြမှာပါ။များသောအားဖြင့်ကြော်စားလေ့ရှိပြီးသားရေစာအဖြစ်လည်းစားကြပါတယ်။တိုဖူးခြောက်ကိုကြော်စားတာအပြင်ချက်စားနိုင်သလိုဟင်းရည်တခွက်အဖြစ်လည်းလုပ်စားနိုင်ပါတယ်။အခုတိုဖူးခြောက်ချက်သက်သတ်လွတ်နည်းလေးမျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
********
တိုဖူးခြောက် - ၁၀၀ ဂရမ် (၂ချပ်)
ၾကက္သြန္နီ - ၂လံုး
ခရမ်းချဉ်သီး - ၅လုံး
ငရုတ်သီးစိမ်း - အနည်းငယ်
ကြက်သွန်ဖြူ - ၅မြောင်း
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
နံနံပင် - ၃ပင်
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.တိုဖူးခြောက်ကိုမချက်ခင်တနာရီခန့်ကြိုပြီးရေနွေးဖြင့်စိမ်ထားပါ။
2.ကြက်သွန်ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုတ်သီးစိမ်းခြမ်းထားပါ။ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ကြက်သွန်နီကြော်ပြီးနနွင်းအရောင်တင်ထည့်ပါ။အရောင်ဝင်းလာပါကခရမ်းချဉ်သီးကြက်သွန်ဖြူတို့ကိုထည့်ပါ။
4.ခရမ်းချဉ်သီးနွမ်းပါကရေအနည်းငယ်ထည့်ပေးပြီးတည်ထားပါ။
5.ဟင်းအနှစ်ကြေပါကရေစိမ်ထားသောတိုဖူးခြောက်ကိုသေးသေးညပ်ထည့်ပါ။ဆားနှင့်ရေအနည်းငယ်ထည့်ကာသမအောင်မွေပေးပြီးတိုဖူးခြောက်အိအောင်တည်ပါ။
6.တိုဖူးခြောက်အိလာပါကအပျစ်အကျဲလိုသလိုပြုပြင်ကာအပေါ့အငံမြည်းပြီးငရုတ်သီးစိမ်းနံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive