ရှာဖွေရန်

မုန့်ကုလားမဲ >> ဒိုလ်ဒိုလ်

 

Black Sticky Rice Cake
..............
မုန့်ကုလားမည်းလို့လူသိများတဲ့အချိုပွဲကိုများသောအားဖြင့်ထိုးမုန့်ဆိုင်များတွင်တွဲရောင်းလေ့ရှိတာမို့မန္တလေးပြန်မှသာစားဖြစ်တာများပါတယ်။အဝေးရောက်နေသူများနှင့်အလှူအတန်းများဧည့်ခံကျွေးမွေးနိုင်ရန်ကိုယ်တိုင်ပြုလုပ်လိုသူများအတွက်လုပ်နည်လေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
ကောက်ညင်းငချိတ် - ၂ခွက် (ပေါင်းအိုးဆန်ချိန်ခွက်)
အုန်းနို့. - ၄၀၀ ml
သကြား - ၂၅၀ ဂရမ်
ထောပတ် - ၁၅၀ ဂရမ်
ဘိန်းစေ့ - အနည်းငယ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
(၁)ဦးစွာကောက်ညင်းငချိတ်ကိုရေဆေးသန့်စင်ပြီးတညသို့မဟုတ်၆နာရီခန့်စိမ်ထားပါ။
(၂)ရေစိမ်ပြီးသားငချိတ်ကိုရေတကြိမ်ပြန်ေ ဆးကာရေစစ်ထားပါ။
(၃)ကြိတ်စက်တွင်ရေစစ်ထားသောငချိတ်ကိုအုန်းနို့၄၀၀mlထည့်ပြီးချောမွေ့လာသည်ထိကြိတ်ပေးပါ။
(၄)လိုအပ်သောအနေအထားထိချောမွေ့ပြီးညက်လာပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပါ။
(၅)သကြားနှင့်ထောပတ်ထည့်ပြီးအနေတော်မီးဖြင့်တည်ကာအဆက်မပျက်မွေပေးပါ။
(၆)မုန့်သားညက်ပြီးဆီပြန်လုံးလာသည်ထိမွေပေးကာဆီသုတ်ထားသောဘမ်းတွင်ထည့်ပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ပါ။ဘိန်းစေ့ဖြူးလိုပါကလှော်ပြီးသားဘိန်းစေ့ဖြူ းကာအအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင်လိုသလိုလှီးဖြတ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ တညထားပြီးမှသာလှီးဖြတ်ပါ။
❀❀ဒယ်အိုးဖြင့်မတည်ဘဲမိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်တွင်ထည့်ပြီးနှစ်မိနစ်တကြိမ်ထုတ်ပြီးသမအောင်မွေပေးပါ။အသုံးပြုသည့်မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီးဆယ်မိနစ်မှဆယ့်ငါးမိနစ်ကြာပါမယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive