ရှာဖွေရန်

ရှမ်းပဲပုတ်စေ့ကြော်

 

တာရှည်အထားခံပြီးအဝေးပို့ချင်သူများအတွက်အဆင်ပြေအကြိုက်တွေ့စေမဲ့ပဲပုတ်စေ့အစပ်ကြော်လေးဖြစ်ပါတယ်။များသောအားဖြင့်ရှမ်းပဲပုတ်အေြ ခာက်ကိုကြော်ကြတာများပေမဲ့အစိုကိုလည်းအခုလိုပုံစံတမျိုးနဲ့ကြော်စားနိုင်ပါတယ်။အနံ့အရသာလည်းမတူဘဲထမင်းမြိန်စေမဲ့ဟင်းရံတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတို့လိုအဝေးေ ရာက်နေသူတွေအတွက်တော့မရှိမဖြစ်ဆောင်ထားတတ်တဲ့အကြော်တမျိုးလည်းဖြစ်ပါသေးတယ်။အဝေးရောက်နေတဲ့မိသားစုမောင်နှမများအတွက်ပြုလုပ်ပေးနိုင်သလိုနေ့စဉ်အလုပ်တဖက်နဲ့ချက်ရပြုတ်ရအချိန်မပေးနိုင်သူများလည်းတခါကြော်ပြီးပုလင်းနဲ့ထည့်သိမ်းထားနိုင်ပြီးသုံးဆောင်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
ရှမ်းပဲပုတ်စေ့ - ၄၀၀ ဂရမ်
ငရုတ်သီးအကြမ်းမှုန့် - ၃ဇွန်း
ဆား - အနည်းငယ် (လိုအပ်က)
ဆီ - တစ်ပန်းကန်
ကြက်သွန်ကြော် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.အိုးထဲတွင်ဆီထည့်ပြီးပဲပုတ်စေ့ကိုထည့်ကြော်ပါ။အရသာကိုမြည်းကြည့်ပြီးလိုအပ်မှသာထည့်ပါယအချို့ပဲပုတ်စေ့မှာဆားထည့်ပြီးသားဖြစ်နေတတ်ပါတယ်။
2.မီးအေးအေးဖြင့်တဖြည်းဖြည်းကြွပ်လာအောင်ကြော်ပေးပါ။
3.ရခါနီးတွင်ငရုတ်သီးကြမ်းမှုန့်ထည့်ကြော်ပါ။ကြက်သွန်ကြော်ရောလိုပါကရောပြိးသမအောင်မွေပေးကာမီးပိတ်ဆီစစ်အအေးခံထားပါ။
4.ဆီစစ်ပြီးအေးသွားလျှင်သန့်ရှင်းခြောက်သွေ့သောပုလင်းတွင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
5.အချဉ်ဟင်းအရွက်ကြော်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀အချဉ်ဖောက်ပြီးသားပဲပုတ်စေ့ကိုစျေးမှဝယ်ယူနိုင်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive