ရှာဖွေရန်

ဝက်သားသရက်ချဉ်ဆီပျံဟင်း

အသားမှာဝက်၊ အသီးမှာသရက်၊ အရွက်မှာလက်ဖက်လို့တင်စားရလောက်အောင် ဝက်သားဟာ မြန်မာလူမျိုးအများစု ကြိုက်နှစ်တဲ့အသားတစ်မျိုးပါ။ ဝက်သားကို အမျိုးမျိုးချက်ပြုတ် ကြော်လှော် စားသောက်လို့ရတာကိုလည်း ဟင်းချက်ဝါသနာရှင်တွေသိရှိပြီးဖြစ်မှာပါ။ အချို့လူတွေကတော့ ဝက်သားဆိုရင် အဆီလေးနဲ့အရသာ ပိုရှိတယ်လို့ ဆိုကြပါတယ်။ ဝက်သားကို အဆီနဲ့လည်း စားချင်တယ်၊ အီမှာလည်းစိုးရိမ်ကြတဲ့သူတွေအတွက် ဝက်သားကို သရက်ချဉ်လေးနဲ့ အအီပြေအောင် ချက်စားတဲ့နည်းလေးကို ဝေမျှချင်ပါတယ်နော်။

  • ဝက်သား သရက်ချဉ်ချက်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
  • ဝက်သား ၁၅ ကျပ်သား
  • သရက်ချဉ် ၇ ကျပ်ခွဲသား(အထုပ်သေး (၁)ထုပ်)
  • ငပိ အနည်းငယ်
  • အရောင်တင်မှုန့် အနည်းငယ်
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး ၁ လုံး
  • ဆီ ဟင်းစားဇွန်း ၅ ဇွန်းခန့်
  • ဆား အနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. ဝက်သားကို အတုံးငယ်များ တုံး၍ ရေဆေးထားပါ။
  2. သရက်ချဉ်ကို သဲများ၊ အမှိုက်များ မပါရှိစေရန် ရေဆေးထားပါ။
  3. ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို ရေဆေးပြီး လှီးထားပါ။
  4. ဟင်းချက်မည့် အိုးထဲတို့ ဆီအရင်ထည့်ပါ။ ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့်  ငပိ၊ အရောင်တင်မှုန့်တို့ကို ရော၍ ဆီသတ်ပါ။
  5.  ထို့နောက် အတုံးငယ်များ တုံးထားသော ဝက်သားကို ထည့်၍ နှံ့စပ်အောင် မွှေပါ။
  6. ဝက်သား နူးအိစေရန်အတွက် ရေဖန်ခွက်(၃)ခွက်စာခန့်ထည့်၍ နူးအိသည်အထိ ချက်ပြုတ်ပါ။
  7. ဝက်သား နူးအိလာပါက ရေဆေးထားသော သရက်ချဉ်များ ထည့်ပါ။
  8. သရက်ချဉ်ထည့်ပြီး ဆီပြန်လာပါ ဆား၊ အချိုမှုန့်များထည့်၍ အရသာ မြည်းစမ်းကြည့်ပါ။
  9. အရသာ အနေအထား အဆင်ပြေပါက ဟင်းအိုးကို မီးပိတ်၍ ဝက်သားသရက်ချဉ်ဆီပျံဟင်းကို သုံးဆောင်နိုင်မည် ဖြစ်ပါသည်။

ဝက်သားသရက်ချဉ်ဆီပျံဟင်းကို အညာဘက်မှာဖျော်လေ့ရှိတဲ့ ငံပြာရည်ဖျော်နဲ့ ကြက်သွန်နီနဲ့ အခြားအတို့အမြှုပ်အစုံလေးနဲ့ ဘူးရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးလိုက်မယ်ဆိုရင် စားမြိန် မှာ အသေအချာပါပဲနော်။


 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive