ရှာဖွေရန်

ချဉ်ငန်စပ် ရှူးရှူးရှဲရှဲ အပ်မှိုသုပ်လေး

 


မိုးအုံ့အုံ့‌လေးမှာ ရှူးရှူးရှဲရှဲနဲ့ ချွေးပြန်သွားစေမယ့်အစားအစာအစာလေးတွေစားသင့်တယ်နော်။ ဒါ့ကြောင့် အိမ်မှာဘဲ သုပ်စားလို့လွယ်တဲ့ ချဉ်ငန်စပ်ရှူးရှဲ အပ်မှိုသုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို ၁ထုပ်
  • ထန်းလျှက် ၁ခဲ
  • ငရုပ်သီးစိမ်း ၇တောင့်
  • ကြက်သွန်ဖြူ ၅မွှာ
  • မုန်လာဥနီသေးသေး ၁လုံး
  • သံပုရာသီး ၂လုံး
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ငံပြာရည်အချို 3ဇွန်း
  • ခရမ်းချဉ်သီး၁လုံး

ပြုလုပ်နည်:

အပ်မှိုကို ရေစင်စင်ဆေးပီး ဆားအနည်းငယ်ထည့်ပြုတ်ပါ။ ငရုပ်သီးစိမ်း/ထန်းလျှက်/ကြက်သွန်ဖြူကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ရှစ်စိတ်ခွဲထားပါ။ ပြီးလျှင် အပ်မှိုကို ‌ဆယ်ယူ ပြီး ရေစစ်ထားပါ။ နောက်ဆုံးတွင် ထောင်းထားသော ကြက်သွန်ဖြူ/ငရုပ်သီး /ထန်းလျှက် ပုစွန်ခြောက်မှုန့် တို့ကိုထည့်ပါ။မုန်လာဥနီကို အခွံခွာပြီး ခြစ်ထည့်ပါ။ သံပုရာရည်လေးညှစ်ပါ။ ပြီးလျှင် အားလုံးကိုရောနယ်ပါ။ ပဲထောင့်ရှည်သီးနှင့် သင်္ဘောသီးကိုလဲ ကြိုက်လျှင်ထည့်နိုင်ပါသည်။
Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu