ရှာဖွေရန်

ဆိတ်သားတုတ်ထိုးအစပ်ကြော်

 

Toothpick Mutton
တရုတ်အစားအစာတမျိုးဖြစ်တဲ့ငါးမျိုးမဆလာ
တုတ်ထိုးအသားကြော်အစပ်ဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အသားရဲ့နူးညံ့မှုရယ်အသားဖတ်လေးများကိုတုတ်ချောင်းလေးများဖြင့်ထိုးပြီးကြော်ထားသည့်အတွက်အဆာပြေစာအဖြစ်သုံးဆောင်နိုင်သလိုဟင်းတခွက်အဖြစ်လည်းတည်ခင်းနိုင်ပါတယ်။ဆိတ်သားအမဲသားတို့ဖြင့်ပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ဆိတ်သားနုနု - ၂၀၀ ဂရမ်
ဂျင်း - လက်တဆစ်
ငါးမျိုးမဆလာ - တစ်ဇွန်း စားပွဲဇွန်း
(ရှောက်ကော၊ပါကော၊ဟွားကျောက်)
ဆား - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့် - အနည်းငယ်
ၾကက္သြန္နီ - တစ္လံုး optional
ငရုတ်ခြောက်/စို
နံနံပင် - အနည်းငယ်
ဆီ - ၄ဇွန်း
သြားၾကားထိုးတံ
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာနူးညံသောအသားကိုခပ်ပါးပါးစောင်းစောင်းလှီးဖြတ်ထားပါ။ဂျင်းမျှင်မျှင်လှီးထားပါ။ကြက်သွန်ထည့်လိုပါကအတုံးခပ်ကြီးကြီးလှီးဖြတ်ထားပါ။
2.လှီးထားသောအသားကိုဆားဟင်းခပ်မှုန့်ငါးမျိုးမဆလာလှီးထားသောဂျင်းတို့ဖြင့်သမအောင်နယ်ပြီးမိနစ်၃၀ခန့်နှပ်ထားပါ။
3.နှပ်ထားပြီးသောအသားကိုတဖတ်ဆီသွားကြားထိုးတံဖြင့်ထိုးထားပေးပါ။
4.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ငရုတ်သီးကိုအရောင်ပြောင်းရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
5.လက်ကျန်ဆီဖြင့်အရသာနယ်တုတ်ထိုးထားသောအသားကိုမီးပြင်းပြင်းဖြင့်ကြော်ပေးပါ။
6.အသားခြောက်သွားပါကဖယ်ထားသောကြက်သွန်ငရုတ်သီးနံနံပင်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive