ရှာဖွေရန်

ဖရုံရွက်ဟင်းချို

 

လွယ်ကူမြန်ဆန်ပြီးကျန်းမာရေးနဲ့ညီတဲ့အဆီလွတ်ဟင်းတခွက်ဖြစ်ပါတယ်။နေရာဒေသအလိုက်ချ က်နည်းများအနည်းငယ်ကွဲပြားကြပြီးရှမ်းပြည်မှချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။တွဲဖက်အနေနဲ့ခရမ်းချဉ်သီးထောင်းပဲပုတ်ထောင်းငရုတ်သီးထောင်းတွေနဲ့လိုက်ဖက်တဲ့ဟင်းချိုတခွက်လည်းဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ပဲပြင်းစေ့/ပဲကြား/ပဲလိပ်ပြာ-တစ်ခွက် နို့ဆီခွက်
ခရမ်းချဉ်သီး - တစ်လုံး
ၾကက္သြန္နီ - တစ္လံုး
ရှမ်းပဲပုတ် - တစ်ချပ်
ပြောင်းဖူး/ခရမ်းသီး - optional
ဖရုံရွက် - တစ်စည်း
ပင်စိမ်းရွက် - ၂ခက်
ဆား - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
1.ဦးစွာပဲကိုရေစိမ်အခွံသင်ပြီးကြက်သွန်နီသေးသေးစိတ်ထည့်ပြီးနူးအိအောင်ပြုတ်ထားပါ။
2.ပဲနူးပါကခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပါ။ပြောင်းဖူးခရမ်းသီးထည့်လိုပါကသေးသေးလှီးပြီးလုံးချက်ပါ။ဆားထည့်ပါ။
3.အသီးအနှံများနူးအိပါကရေကိုလိုသလောက်ထည့်ပါ။ရှမ်းပဲပုတ်ထောင်းထားသည်ကိုထ ည့်ကာဟင်းရည်ကျသည်ထိတည်ထားပါ။
4.ဟင်းရည်ကျပါကအရသာအပေါ့အငံမြည်းကာရေဆေးသန့်စင်ထားသောဖရုံရွက်ထည့်ကာဆူပွက်အောင်တည်ပါ။
5.ဆူပွက်ပါကပင်စိမ်းရွက်အုပ်ကာမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဟင်းရည်အိုးကိုအသင့်တည်ထားပြီးသုံးဆောင်ခါနီးမှသာအရွက်ခပ်ပြီးချက်ချင်းသုံးဆောင်ပါ။
❀အထက်ပါနည်းအတိုင်းဖရုံရွက်အစားဘူးရွက်ဖြင့်လည်းချက်နိုင်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive