ရှာဖွေရန်

အမဲခြေထောက်ချဉ်

 

Shan Traditional Cow Foot Pickled
ရှမ်းရိုးရာအစားအစာတမျိုးဖြစ်တဲ့အမဲခြေထောက်ချဉ်လေးဖြစ်ပါတယ်။နွားခြေထောက်အစားမိမိနှစ်သ က်သလိုအစားထိုးပြုလုပ်နိုင်ပါတယ်။နွားခြေထောက်ကိုတော့နေရာတိုင်းအလွယ်တကူမရနိုင်တာကြောင့်မြန်မာပြည်အလည်ပြန်ရင်းလုပ်စားဖြစ်တာလေးပြန်လည်မျှဝေပေးလိုက်ပါတယ်။အဆာပြေစာအဖြစ်တည်ခင်းနိုင်သလိုဟင်းတပွဲအနေနဲ့လည်းသုပ်ပြီးဖြစ်စေချက်ပြီးဖြစ်စေတည်ခင်းနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
နွားခြေထောက် - တစ်ချောင်း
ထမင်းဖြူ - တစ်ပန်းကန်
ဆား - အနည်းငယ်
ငှက်ပျောဖက်/ပုလင်း - ထုပ်ရန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.သန့်စင်ပြီးနွားခြေထောက်ကိုခုတ်ထစ်လှီးဖြတ်ပြီးရေဆေးသန့်စင်ကာဆားနယ်ပြီးရေမြုတ်ရုံထည့်ကာပြုတ်ထားပါ။(ကျက်ရုံ)
2.ပြုတ်ပြီးသားနွားခြေထောက်ကိုအရိုးဖယ်ထုတ်ပြီးသေးသေးနုတ်နုတ်စိတ်ထားပါ။
3.ခပ်မာမာချက်ထားသောထမင်းကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်နယ်ထားပါ။
4.သေးသေးနုတ်နုတ်စင်းထားသောနွားခြေထောက်ကိုထမင်းဖြင့်ရောနယ်ပါ။
5.ငှက်ပျောဖက်ကိုရေဆေးသန့်စင်မီးကင်ပြီးနယ်ထားသောအရောကိုထည့်ပြီးကျစ်ကျစ်လေးထုတ်ပေးကာဇကာဖြင့်ထည့်ပြီးလေလုံအောင်ထုတ်ပိုးပြီးအလေးဖြင့်အပေါ်မှဖိပေးထားပါ။ငှက်ပျောဖက်ဖြင့်မထုပ်ဘဲပုလင်းဖြင့်လည်းသိပ်ထားနိုင်ပါတယ်။
6.ရာသီဥုတုပူအိုက်ပါကနှစ်ရက်ခန့်တည်ပြီးပါကချဉ်ပြီဖြစ်၍ရေခဲသေတ္တာတွင်သိမ်းဆည်းကာငရုတ်သီးကြော်ကြက်သွန်ဖြူဆီချက်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။ဟင်းတခွက်အဖြစ်ကြော်ချက်၍လည်းတ ည်ခင်းနိုင်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive