ရှာဖွေရန်

ကြက်ပေါင်း

 


Chinese Steamed Chicken
ကြက်ပေါင်းကိုအထိမ်းအမှတ်မိတ်ဆုံစားဝိုင်းကြီးတွေမှာအကောင်လိုက်တည်ခင်းတတ်ကြသလိုဒင်းမ်ဆမ်းတွေမှာလည်းပွဲသေးအနေနဲ့တည်ခင်းလေ့ရှိကြပါတယ်။ဒီကြက်ပေါင်းလေးပြင်ဆင်ပြုလုပ်ချိန်မှာဆိုဖီယာ့အဖွားကိုအမှတ်ရလွမ်းမိပါ တယ်။ငယ်ငယ်ကနယ်မြို့တွေမှာအခုလိုကြက်သားတွေကိုသန့်ရှင်းပြီးအဆင်သင့်တွေမရှိသေးတော့အိမ်မှာဧည့်ဖိတ်ရှိရင်ကြက်ပေါင်းတပွဲအမြဲပါတော့ကြက်အမွေးနုတ်တာကစလုပ်ရတာပေါ့ ။အိမ်မှာအဖွားတို့ရဲ့ကြက်ကိုင်နည်းပြောပြချင်တာပါ။
အမွေးနုတ်ဖို့ရေနွေးဖျောတာကစလုပ်ခိုင်းတယ်။အမွေးမနုတ်ခင်ကိုဗိုက်ခွဲအူထုတ်သန့်ရှင်းပြီးရင်ဗိုက်ကိုအပ်နဲ့ပြန်ချုပ်(ရေညစ်ပတ်တွေဗိုက်ထဲမဝင်အောင်)ပြီးမှရေနွေးဖျောအမွေးနုတ်တယ်ပြီးရင်ကြက်တကောင်လုံးကိုရေနွေးနဲ့ဂျီးချွတ်ဖြူဖွေးနေအောင်ခြစ်ပေးရေချိုးပေးရတယ်။ငယ်ငယ်တုန်းကတော့အဲ့လိုလုပ်ရတာအကြာကြီးပျင်းတော့အဖွားကဆူတယ်မိန်းခလေးမို့မလုပ်တတ်လို့မရဘူးဆိုတော့အဖွားကိုပြန်ပြောခဲ့တာလေးအမှတ်ရမိတယ်။အဖွားရယ်အခုခေတ်လေမြို့ပေါ်မှာကြက်တွေအကောင်လိုက်အမွေးနုတ်သန့်ရှင်းပြီးသားကိုယ်တိုင်နုတ်စရာမလိုဘူးလို့အကွန့်တက်ခဲ့တာပေါ့ :-D :-D
ဘာဘဲပြောပြောဒီလိုအချိန်မှာကြက်အကောင်လိုက်ချပေးလည်းလုပ်တတ်ကိုင်တတ်သွားခဲ့တာအဖွားကျေးဇူးတွေကြောင့်ပါ :-) ကြက်ပေါင်းပြုလုပ်ရန်ကြက်ကိုအကောင်လိုက်ရေဆေးသန့်စင်ပြီးရေစစ်ထားပါ။မွေးမြူရေးကြက်ကတော့အရသာအရှိဆုံးပေါ့...မလွယ်ရင်CPလည်းသုံးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်တကောင် - တကီလိုခွဲခန့်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဂျင်း - တတက်
ကြက်သွန်ဖြူ -တဥ
ရှောက်ကော - ၃လုံး
နာနတ်ပွင့် - ၂ပွင့်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ရေစစ်ထားသောကြက်ကိုဆားဖြင့်တကောင်လုံးအနှံ့လူးပြီးနယ်ထားကာဆားဝင်အောင်တနာရီခန့်နှပ်ထားပါ။ဂျင်းအတက်လိုက်ထုပြီးထည့်ပါ။ရှောက်ကောကိုလည်းထုထားပါ။ကြက်သွန်ဖြူထပ်ခြမ်းခြမ်းထားပါ။
2.မွေးမြူရေးကြက်သုံးပါကကြက်နှင့်ရေတခါထဲထည့်ပြီးပြုတ်နိုင်ပါတယ်ကြက်တကောင်လုံးမြုတ်သည်ထိရေထည့်ကာနူးအိသည်ထိပြုတ်ပါ။
CPကြက်ကိုသုံးပါကရေဆူပွက်မှသာကြက်သားကိုချပြီးဆယ်မိနစ်ပြုတ်ပါ။
3.အသားနူးအိပါကလိုသလိုလှီးဖြတ်ပြီးကြက်ပေါင်းကြက်စွတ်ပြုတ်ကိုကြက်သွန်မိတ်ဖြူးကာတည်ခင်းနိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive