ရှာဖွေရန်

မုန့်ပျားသလက်

 

မြန်မာမုန့်လေးတွေကိုမြန်မာပြည်နေချိန်မှာအမှတ်တမဲ့နေခဲ့ကျပေမဲ့အဝေးရောက်သွားတော့မှသတိရပြီးတမ်းတတတ်လာတယ်။ကိုယ်လုပ်တတ်သလောက်လေးလုပ်စားဖြစ်သလိုမတတ်တာလေးတွေကိုလည်းနီးစပ်ရာကိုမေးမြန်ပြီးစမ်းလုပ်စားဖြစ်ခဲ့တယ်။ဒီတခါတော့မြန်မာပြည်ပြန်ရင်းမုန့်ပျားသလက်လုပ်နည်းလေးကိုမုန့်ပျားသလက်ရောင်းတဲ့ဆိုင်မှာသွားပြီးသေသေချာချာအသေးစိတ်မေးပြီးပြန်လာလုပ်စားဖြစ်တာလေးမျှဝေပေးချင်ပါတယ်။မြန်မာမုန့်လေးတွေလုပ်ရာမှာမေးမြန်းပြီးလုပ်ပေမဲ့လို့ချက်ချင်းကြီးမုန့်ကောင်းကောင်းထွက်မလာခဲ့ပါဘူး။အကြိမ်ကြိမ်စမ်းသပ်ရင်းကရလာတဲ့မုန့်အချိုးလေးဖြစ်ပါတယ်။မုန့်နှစ်ကြိတ်တဲ့ခြံနဲ့ကပ်နေလို့သင်ပေးတဲ့ကြိတ်စက်ကအကိုကလည်းစိတ်ရှည်လက်ရှည်သင်ပေးပေမဲ့လို့မုန့်နှစ်စပ်တဲ့ရေအချိုးကိုသူတို့ကလက်မှန်းမျက်မှန်းနဲ့ထည့်ကြတော့ကိုယ်ဘာကိုယ်လိုက်လုပ်ချိန်မှာအခက်အခဲနည်းနည်းရှိပါတယ်။
အရင်ကပြောခဲ့သလိုဘဲဆိုဖီယာအတွက်ခက်ခဲတဲ့အထဲမှာမြန်မာမုန့်လုပ်နည်းလေးတွေလည်းပါပါတယ်။အထူးသဖြင့်မြန်မာမုန့်လုပ်ရာမှာအချိုးအတိအကျသင်မပေးနိုင်တာကအဓိကပြသနာလို့ထင်ပါတယ်။မုန့်လုပ်တဲ့ဆန်အမျိုးအစားနဲ့အစိုအခြောက်ပေါ်မူတည်လို့အချိုးအတိအကျပေးဖို့လည်းခဲရင်းပါတယ်။အခုဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးမျှဝေပေးပါ့မယ်။အနီးစပ်ဆုံးရေကိုလိုတိုးပိုလျော့ထိန်းပြီးလိုက်လုပ်ဖို့လိုအပ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန်မှုန့် - လေးဘူး(၆၀၀ဂရမ်) (နို့ဆီဘူး)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဆော်ဒါ - တစ်ဇွန်း လ္ဘက်ဇွန်း
ထန်းလျက် - ၁၀၀ ဂရမ်
ရေ - ၆ဘူး (နို့ဆီဘူး)
ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်း
ပဲပြုတ် - တစ်ပန်းကန်
နံနံပင် - တစ်စည်း
နှမ်းထောင်း-အနည်းငယ်
အုန်းသီး - တစိတ်
ဆီ - အနည်းငယ်
တွဲဖက်စားရန်
*********
ခရမ်းချဉ်သီးထောင်း

ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံထားခြင်းဖြစ်ပါတယ်။မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုအထူးသတိပြုရန်လိုအပ်ပါတယ်။
(၂)ထန်းလျက်ကိုရေနို့ဆီဘူးတဘူးခွဲဖြင့်ကျိုပြီးအမှိုက်စစ်ကာအအေးခံထားပါ။(လုံးဝအေးသည်ထိ)
(၃)မုန့်ပျားသလက်အချိုအဖြူအတွက်ခွဲပြီး မုန့်နှစ်ရည်ဖျော်ရန်ဇလုံနှစ်ခုဖြင့်အချိုအတွ က်ဆန်မှုန့်တဘူးအဖြူအတွက်ဆန်မှုန့်၃ဘူးဆီခွဲထည့်ပါ။
(၄)အချိုအတွက်ဆန်မှုန့်တဘူးတွင်ဆားအနည်းငယ်နှင့်အအေးခံထားသောထန်းလျက်ရည်နို့ဆီဘူးတဘူးခွဲဆော်ဒါလ္ဘက်ဇွန်းလေပုံသုံးပုံထည့်ပြီးမွေထားပါ။
(၅)အဖြူမုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းသုံးပုံတပုံထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာအဖြူမုန့်နှစ်ရည်ဖျော်ထားပါ။
(၆)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။
(၇)မုန့်ပြားသလက်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။
(၈)မုန်ြ့ပားသလက်ပြုလုပ်ရန်အိုးကိုတော့မြေအိုးကိုအသုံးပြုရပါတယ်။ကျင့်ပြီးသားအိုးကိုမီးဖိုတွင်တင်ပြီးအပူပေးထားပါ။
(၉)အိုးပူလာပါကမုန့်နှစ်အဖြူရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပြီးအဖုံးအုပ်ထားပါ။
(၁၀)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးခရမ်းချဉ်သီးထောင်းမပျစ်မကျဲဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
(၁၁)မုန့်အချိုအတွက်အောက်ခံမုန့်နှစ်ရည်အဖြူကိုဇွန်းတဝက်အရင်ထည့်ပါ။ပြီးမှသာအချိုမုန့်နှစ်ရည်အုန်းသီးဆံထည့်ပြီးအဖုံးအုပ်ထားပါ။မုန့်နှစ်ကျက်ပါကဆီပုတ်ပေးပြီထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်ပြားသလက်အချိုပြုလုပ်လျှင်အိုးမကပ်စေရန်အောက်ခံအဖြူခံပေးပါ။
❀❀နေရာဒေသအရမြေအိုးရရှိရန်မလွယ်ကူပါကအိုးမကပ်သောဒယ်အသေးလေးတွေအသုံးပြုနိုင်ပါတယ်။
❀❀မြေအိုးအသစ်ကိုအသုံးပြုလိုပါကမုန့်မကပ်စေရန်အိုးကိုမီးဖိုပေါ်တွင်အပူပေးပြီးဆားနှင့်ဆန်ကိုတူးနေအောင်ထည့်လှော်ပေးပြီးအိုးကျင့်ပြီးမှသာအသုံးပြုပါ။မုန့်ပျားသလက်ရောင်းတဲ့သူကတခါတည်းအိုးပါကျင့်ပေးလိုက်လို့မျှဝေပေးတာပါ။
❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။ရေနွေးပူများလျှင်မုန့်ပျော့ခြင်းမနှပ်ခြင်းများဖြစ်နိုင်ပါတယ်။
❀❀နေရာဒေသအလိုက်မုန့်ပြားသလက်ကိုခရမ်းချဉ်သီးထောင်းအစပ်ခပ်ကျဲကျဲလေးပြုလုပ်ပြီးတွဲဖက်စားလေ့ရှိကြပါတယ်။
❀❀မုန့်ပျားသလက်အချိုကိုဆော်ဒါပိုထည့်ပေးရပြီးအငံတွင်လျော့ထည့်ပါ။အဖြူတွင်ဆော်ဒါများပါကမုန့်အရောင်ဝါသွားတတ်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive