ရှာဖွေရန်

အညာငရုတ်သီးထောင်း

 

ပါဝင်ပစ္စည်းတွေကတော့

  • ငရုတ်သီးအခြောက်တောင့် ၁၅တောင့် (ငရုတ်သီးအခြောက်တောင့် မရနိုင်ရင်တော့ ငရုတ်သီးအကြမ်းမှုန့် ဟင်းစားဇွန်း(၃)ဇွန်းခန့်ထည့်ပါ)
  • ကြက်သွန်နီ(၃) လုံး
  • ဆားအနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၃)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ငရုတ်ဆုံထဲသို့ ငရုတ်သီးအခြောက်တောင့်များကို အလယ်ချိုးကြည့်ပြီး မှိုမတွေ့မှသာ ခွက်တစ်ခုထဲသို့ ထည့်၍ ရေဆေးပြီး ရေစစ်ထားပါ။
  2. ကြက်သွန်နီအခွံနွှာ၍ လေးစိတ်ခွဲထားပါ။
  3. ထို့နောက် ထောင်းမည့် ငရုတ်ဆုံထဲသို့ ရေဆေးထားသော ငရုတ်သီးခြောက်နှင့် ကြက်သွန်နီ လေးစိတ်ခွဲလှီးထားတာကို ထည့်ပါ။ ဆားထည့်ပြီး မညပ်တညက်ထောင်းပါ။

ထောင်းပြီးပါက ပန်းကန်ထဲသို့ ထည့်၍ ဆီလောင်းပြီး စားသုံးနိုင်မည်ဖြစ်ပါသည်။ ငရုတ်သီးက ကြက်သွန်နီနဲ့ ထောင်းထားတဲ့အတွက် အစပ်ကိုလျော့စေတဲ့အပြင် ဆီရွှဲရွှဲလောင်းစားမယ်ဆိုရင် အစပ်ကိုပိုလျော့စေတာကြောင့် အစပ်ကြောက်သူတွေအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ အစပ်ကြိုက်တဲ့သူတွေကတော့ ဆီမဆမ်းဘဲ စားလည်း အကြိုက်တွေ့မှာပါနော်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive