ရှာဖွေရန်

ချဉ်ငန်စပ် ရှူးရှူးရှဲရှဲ အပ်မှိုသုပ်လေး

 


မိုးအုံ့အုံ့‌လေးမှာ ရှူးရှူးရှဲရှဲနဲ့ ချွေးပြန်သွားစေမယ့်အစားအစာအစာလေးတွေစားသင့်တယ်နော်။ ဒါ့ကြောင့် အိမ်မှာဘဲ သုပ်စားလို့လွယ်တဲ့ ချဉ်ငန်စပ်ရှူးရှဲ အပ်မှိုသုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို ၁ထုပ်
  • ထန်းလျှက် ၁ခဲ
  • ငရုပ်သီးစိမ်း ၇တောင့်
  • ကြက်သွန်ဖြူ ၅မွှာ
  • မုန်လာဥနီသေးသေး ၁လုံး
  • သံပုရာသီး ၂လုံး
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ငံပြာရည်အချို 3ဇွန်း
  • ခရမ်းချဉ်သီး၁လုံး

ပြုလုပ်နည်:

အပ်မှိုကို ရေစင်စင်ဆေးပီး ဆားအနည်းငယ်ထည့်ပြုတ်ပါ။ ငရုပ်သီးစိမ်း/ထန်းလျှက်/ကြက်သွန်ဖြူကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ရှစ်စိတ်ခွဲထားပါ။ ပြီးလျှင် အပ်မှိုကို ‌ဆယ်ယူ ပြီး ရေစစ်ထားပါ။ နောက်ဆုံးတွင် ထောင်းထားသော ကြက်သွန်ဖြူ/ငရုပ်သီး /ထန်းလျှက် ပုစွန်ခြောက်မှုန့် တို့ကိုထည့်ပါ။မုန်လာဥနီကို အခွံခွာပြီး ခြစ်ထည့်ပါ။ သံပုရာရည်လေးညှစ်ပါ။ ပြီးလျှင် အားလုံးကိုရောနယ်ပါ။ ပဲထောင့်ရှည်သီးနှင့် သင်္ဘောသီးကိုလဲ ကြိုက်လျှင်ထည့်နိုင်ပါသည်။
Share:

၃၀၀၀ ကျပ် တည်းနဲ့ ဖက်ထုပ်အဝ လုပ်စားမယ်။

 

         

            ဖက်ထုပ်ပြုတ်ဆိုတာ လူကြိုက်များတဲ့ တရုတ် အစားအစာတစ်မျိုးပါ။ လုပ်ရတာ လွယ်ကူသလို စားလို့လည်းတကယ်ကောင်းပါတယ်။ ဆိုင်မှာစားရင် စားလို့ကလည်း မဝသေး၊ ပိုက်ဆံ ကုန်မှာလည်း စိုးတဲ့ သူတွေအတွက် အိမ်မှာ ၃၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖက်ထုပ်ပြုတ်အဝ လုပ်စားကြည့်ရအောင်။

 

ပါဝင်ပစ္စည်း နှင့် ကုန်ကျစရိတ်

ဖက်ထုပ်ရွက် ၂ ထုပ်- ၈၀၀ ကျပ် (၄၀၀ကျပ် x ၂)
(တစ်ထုတ်မှာ အခု ၂၀ ခန့်ပါပြီး စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။)
ကြက်သား ၂၀၀ ဂရမ် – ၁၅၀၀ ကျပ်
ကြက်ဥတစ်လုံး – ၁၅၀ ကျပ်
ကုဆိုင် ၁ စည်း – ၃၀၀ ကျပ်
ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ – ၁၀၀၀ကျပ်
ရေ

ပြုလုပ်နည်း

          ကြက်သားကို နှုတ်နှုတ်စင်းထားပြီး ကြက်သားမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် ၄ ဇွန်းခန့် နဲ့ ရောနယ်ပါ။ ပြီးရင်တော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကုဆိုင်ကို ရောနယ်ပါ။ ဖက်ထုပ်ရွက်လေးတွေပေါ်မှာ နယ်ထားတဲ့ အသားကို ထည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်ရွက်ကို တြိဂံ ပုံစံခေါက်ပြီး ဘေးနှစ်ဖက်က ဖက်ထုပ်ရွက်ကိုလိမ်ပြီး ခေါက်ထည့်လိုက်ပါ။ အိုးတစ်လုံးထဲသို့ ရေနဲ့ ကြက်သွန်ဖြူ ကို ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင်တော့ လိပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ၅ မိနစ်ခန့်ထည့်ပြုတ်ပါ။

        ဖက်ထုပ်တွေ ကျက်ပြီဆိုရင်တော့ ပုဂံလုံးထဲ ထည့်ကာ ငရုတ်ကောင်းမှုန့်၊ ဟုဆိုင်အနည်းငယ် ခတ်ကာ သုံးဆောင်နိုင်ပါပြီ။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီး အနည်းငယ်ညှပ်၊ သံပုရာသီးလေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

 

 

Share:

ရှမ်းခေါက်ဆွဲ ချက်ပြုတ်ပြင်ဆင်နည်း အကြောင်းသိကောင်းစရာ။


 

       ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရ ဆွဲဆောင်မှုရှိ လှသော နေရာ တစ်ခုဖြစ်ပါသည်။  ထင်ရှားလှသော ရှမ်းရိုးရာ အစားအစာများ နှင့် လှပလှသော အင်းလေးကန်ကြောင့် အထူး ကျော်ကြားလှပါသည်။ အင်းလေးကန်ရှိ ရေပေါ် စိုက်ခင်း များမှာလည်း တစ်မူထူးခြားလှပြီး မြင်တွေ့ရခဲသော ခြေထောက် တစ်ဖက်တည်းကိုသာ အသုံးပြုပြီး လှေလှော်ခတ်သူများကို လည်း ရှမ်းပြည် နယ်တွင် သာ တွေ့ရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် ရိုးရာ အစားအစာမြောက်မြားစွာ ရှိုပြီး ရှမ်းထမင်းချဉ်၊ မြီးရှည်၊ ရှမ်းတို့ပူး နှင့် ရှမ်းခေါက်ဆွဲတို့မှာ အထူးကျော်ကြားသော အစားအစာများ ဖြစ်ကြသည်။

ရှမ်းခေါက်ဆွဲသည် ရှမ်းလူမျိုးတို့၏ ရိုးရာ အစားအစာ ဖြစ်ပါသည်။ ရှမ်းခေါက်ဆွဲသည် ဆန်ခေါက်ဆွဲနှင့် ဝက်သား(သို့မဟုတ်) ကြက်သား ဖြင့်ရိုး ရှင်းစွာ ပြုလုပ်စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် လူကြိုက်များလှသော အစားအစာ တစ်ခုဖြစ်ပြီး ထင်ရှားကျော်ကြားလှပြီး နေ့လည်စာ အဖြစ်လည်းကောင်း၊ ညစာ အဖြစ်လည်းကောင်း ၊ အဆာပြေစားသုံးစရာ အဖြစ်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ရှမ်းခေါက်ဆွဲကို ချက်ပြုတ်ရာတွင်လည်း ဒေသအလိုက် ချက်ပြုတ်နည်းများ အမျိုးမျိုး ကွာခြားလှပါသည်။ ရှမ်းခေါက်ဆွဲကို စားသုံးရာတွင် မုန်ညှင်း ချဉ်နှင့်တွဲဖက်ကာ ရှမ်းခေါက်ဆွဲ အရည်နှင့် ရှမ်းခေါက်ဆွဲသုပ် ဟူ ၍ စတိုင် (၂)မျိုးဖြင့် စားသုံးနိုင်ပါသည်။ အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲကိုအိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လို ပြုလုပ်စားသုံးနိုင်မလဲ။ ရှမ်းခေါက်ဆွဲ ကြိုက်နှစ်သက်သူများအတွက် လွယ်လွယ်ကူကူ ချက်ပြုတ် စားသောက်နိုင်မဲ့ ရှမ်းခေါက်ဆွဲ ချက်နည်းလေးကို ပြောပြပေးပါမည်။ ပြုလုုပ်ရလွယ်ကူတဲ့ ရှမ်းခေါက်ဆွဲ လေးကို အတူတူ ပြင်ဆင်ကြည့်လိုက်ရအောင်။ မိမိနှစ်သက်ရာ ဝက်သား(သို့မဟုတ်) ကြက်သားကိုအသုံးပြုနိုင်ပါသည်။  အခုပဲ စတင်ပြီး ချက်ကြည့် လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • နှုတ်နှုတ်စင်း ထားသော ၂၀၀ ဂရမ် ကြက်သား (သို့မဟုတ်) ဝက်သား။
  • ရှမ်းခေါက်ဆွဲခြောက် ၁ ထုပ်။
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ။)
  • ထောင်းထားသော ဂျင်အနည်းငယ်။
  • ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်။
  • ခရမ်းချဉ်သီး ၄ လုံး။
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ပဲပုပ်အနှစ် လက်ဖက်ရည်ဇွန်း  ၂ ဇွန်းခန့်။
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • မြေပဲမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်။
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။

-ခရမ်းချဉ်သီး အချို့ကို ရေတစ်ခွက်ခန့်ထည်ကာ ဆားအနည်းငယ်ထည့်ကာခရမ်းချဉ်သီး အခွံများ ရှုံ့တွ လာသည်အထိ မိနစ်အနည်းငယ်ခန့် ပြုတ်ပါ။  ထို့နောက် ခရမ်းချဉ်သီးများကို ဆယ်ယူကာ အအေးခံထားပါ။

-အအေးခံထားစဉ် အတွင်း ကြက်သားကို နှုတ်နှုတ်စင်းထားပါ။ ထို့နောက် ပဲငပိဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ဆား နှင့် သကြားအနည်းငယ်ကို ကြက်သားတွင် နယ်ကာ အရသာသွင်းပါ။

-ခရမ်းချဉ်သီးများအေးလာပြီဆိုလျှင် အခွံများကို ခွာပါ။ ခရမ်း ချဉ်သီးများကို အစေ့ဖယ်ထုတ်ကာ နှုတ်နှုတ်စင်းထားပါ။

-ရှမ်းခေါက်ဆွဲခြောက်(သို့မဟုတ်) ဆန်ခေါက်ဆွဲခြောက်ကို ပျော့ပျောင်းနူးညံ့ လာသည်အထိ ပြုတ်ထားပါ။ ထို့နောက် ပန်းကန်ထဲတွင် ထည့်ထားပါ။

-ဒယ်အိုးတွင် ဆီထည့်ကာ ဆီပူလာအောင် ပြုလုပ်ပါ။ ဆီပူလာလျှင် ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်များကို  အနံ့များမွှေးကြိုင်လာသည်အထိ ထားပါ။ ထို့နောက် နှုတ်နှုတ်စင်းထားသော အသားများကို ကျက်သည်အထိ ချက်ပြုတ်ကာ နှုတ်နှုတ်စင်းထားသော ပဲငပိ အနှစ်၊ ၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်တို့ကို ရော ထည့်ကာခရမ်းချဉ်သီးအဖက်လေးများ လိပ်လာပြီးဆီပြန်လာသည်အထိ အနှစ်ပုံစံ ရရှိလာအောင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အထိထားကာ ချက်ပြုတ်ပါ။ ချက်ပြုတ်နေစဉ် အတွင်း ဟင်းအနှစ် သည် အလွန် ခြောက်ကပ်နေလျှင် ရေ အနည်းငယ်ထည့်ကာ ချက်ပြုတ်ပေးပါ။  ဆီပြန်ပြီး အနှစ်ရလာပြီဆိုလျှင် အိုးကိုချနိုင်ပါပြီ။

-ပန်းကန်ပြားထဲရှိ ပြုတ်ထားပြီးသားသော ဆန်ခေါက်ဆွဲများကို ရှမ်းခေါက်ဆွဲ စားသုံးမည့် ပန်းကန်လုံးထဲသို့ထည့်ပါ။ ထို့နောက် မြေပဲမှုန့်၊ ပဲငံပြာရည် အရည်၊ ကြက်သား ဟင်းအနှစ်တို့ကို ထည့်ကာ ရောမွေပြီး စားသုံးနိုင်ပါပြီ။ ရှမ်းခေါက်ဆွဲ အရည် ကြိုက်နှစ်သက်သူများအတွက် ကြက်ပြုတ်ရည်ကို ဆမ်းကာ စားသုံးနိုင်ပါသည်။ ရှမ်းခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ဝက်ခေါက်ကြော်တို့ဖြင့် တွဲဖက် စားသုံးနို်င်ပါသည်။

-အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ 

Share:

ငါးသလောက်ပေါင်းနည်း

 

        အိမ်ရှင်မများဟာ နေ့တိုင်းနေ့တိုင်း ကိုယ့်မိသားစုအတွက် အကောင်းဆုံးသော ဟင်းလျာများကို ချက်ပေးပြီး ပျော်ရွှင်မှုကို ဖန်တီးနေပေးကြတာဟာ အမှန်တရားပါပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ မွေးလာစတည်းက ပညာစုံမတတ်ပါဘူး။ အိမ်ရှင်မများဟာလည်း ဟင်းချက်တဲ့အနုပညာကို အမြဲသင်ယူနေကြသူတွေပါ။ မိခင်စိတ်ရဲ့ စေတနာဟာ ကြီးမားတဲ့အတွက် မိသားစုအတွက် သင်ယူဖို့ အသင့်ဖြစ်နေကြသူတွေပါ။ ယနေ့မှာတော့ အကောင်းစားဟင်းလျာတစ်ခွက်လို့ ခေါ်နိုင်တဲ့ ငါးသလောက်ပေါင်းနည်းကို ဖော်ပြပေးသွားမှာပါ။ အချိူ့အိမ်ရှင်မတွေ အတွက် ခက်ခဲသောဟင်းတစ်ခွက် မဖြစ်ရလေအောင် ဆက်လက်ဖတ်ရှူစေလိုပါတယ်။ ‌ဖတ်ရ‌တာအဆင်ပြေအောင် အဆင့်ဆင့်ခွဲ ရေးပေးထားပါတယ်နော်။

 

ပြုလုပ်နည်း

 

၁။ငါးသလောက်အားဆေးကြောသန့်စင်ပါ။

၂။ထို့နောက် ဗီနီကာ၊ ဆား နှင့် နနွင်း တို့ကို လိုသလောက်မှန်းဆထည့်ကာ နယ်ပါ။

၃။ သံပုရာသီးကို ငါးအချိန်အဆပေါ်မူတည်ကာ ညှစ်ထည့်ပြီး နှစ်နာရီကြာနှပ်ထားပါ။ အရိုးများပါပျော့စေရန် ဖြစ်ပါတယ်။

၄။ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကိုထောင်းထားပါ။

၅။ ဆီလိုသလောက်ထည့်၍ ဆီပူလာလျှင် နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။

၆။ ကြက်သွန်နီ၊ဂျင်း နှင့် ကြက်သွန်ဖြူထောင်းပြီးသား အနစ်ဖြင့် ဆက်လက်ဆီသတ်ပါ။

၇။ ကြက်သွန်နံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။

၈။ ထို့နောက်နှပ်ထားသော ငါးအသားတုံးများအား ထည့်ကာ အနည်းငယ်နှံ့အောင် လှိမ့်ပြီးပါက ရေများများထည့်ကာ    အဖုံးသာအုပ်ထားလိုက်ပါ။

၉။ အဖုံးလုံစေဖို့လည်းသတိပြုပါ။

၁၀။ ရေခမ်းတိုင်း ပြန်ပြန်ဖြည့်ကာ လေးနာရီကျော်ကြာအထိ ပြုတ်ထားပါ။

၁၁။ ငါးအသားတုံးအား လက်နှင့်ဖိကြည့်ကာ အရိုးပျော့မပျော့စမ်းပါ

၁၂။ အရိုးများပျော့သည်အထိ ရေခမ်းတိုင်းထပ်လောင်းဖြည့်ကာ ပြုတ်ပါ။

၁၃။ အရိုးများပျော့ပါက ခရမ်းချဉ်သီး နှင့် ကရဝေးရွက်တို့ထည့်ကာ ဟင်းအနှစ်ထွက်သည်အထိ ချက်ပါ။

၁၄။ ဖြေးညင်းစွာ ယောင်းမနှင့် မွှေမှသာ အသားတွေ မကျေမှာမို့ သတိထားပါ။

၁၅။ ဆီပြန်လျင် အောင်မြင်စွာပြီးဆုံးပါပြီ။

ကဲ…..ခက်သလား။ အိမ်ရှင်မ‌တို့ရေ။ မီးအလျော့အတင်းလေးပဲသတိပြုရုံပါ။ပေါင်းအိုးမရှိလည်း ရိုးရိုးအိုးအသုံးပြုလည်း အဆင်ပြေပါတယ်။ အိမ်ရှင်မတို့အားလုံးကို လေးစားစွာအလေးပြုပြီး အကောင်းဆုံးစားဖိုမှူးတွေ ဖြစ်ကြပါစေ ဆုတောင်းရင် ဒီမှာပဲ ခနလေးရပ်နားပါရစေ။ပြန်ဆုံမယ်နော်။

 

Share:

မုန့်လက်ကောက်၊နှမ်းကပ်ကြော်နဲ့ ပဲကပ်ကြော်

 


ပါဝင်ပစ္စည်းများ

၁. ကောက်ညှင်းမှုန့် ငါးဆယ်သား

( အနည်းဆုံးတစ်မျိူးစီကိုငါးခုလောက်ရပါတယ်)

၂. ထန်းလျက်အညို တစ်ဆယ်သား

၃. နှမ်း နှင့် ကုလားပဲ တစ်ဆယ်သားစီ

၄. ပဲဆီသန့် ငါးဆယ်သား ( ကျန်းမာရေးအရ ပဲဆီသန့်သာသင့်တော်ပါတယ်)။

 

ပြုလုပ်နည်း

ဒီသုံးမျိူးက တစ်ပြိုင်နက်တည်း လုပ်လို့ရတဲ့ မုန့်တွေပါ။  အရင်ဆုံးဆန်မှုန့် ငါးဆယ်သားကို ရေ တစ်လီတာထည့််ပြီး မပျော့မမာအနေအထားအထိ ရေလိုအပ်သလောက်ထည့်ပြီးခနနှပ်ထားပေးပါ။ ဆီကိုအိုးထဲထည့်ပြီး ဆီပူလာတဲ့အထိစောင့်ပါ။ ဆီဆူတာနဲ့ နယ်ထားတဲ့ဆန်မှုန့် ကိုလက်တစ်ဆုတ်စာ ယူပြီး လက်ကောက်ပုံပြုလုပ်ပြီး ကြော်ပါရှင်။ နောက်လက်တစ်ဆုတ်စာယူပြီးအပြား ပုံစံလုပ်ပြီး နှမ်းစေ့လေးများကပ်ပြီး ကြော်ပါ။ ပဲကပ်ကြော်အားလည်း ထိုနည်၎င်း  ပြုလုပ်ပါ။ ကြော်ပြီး အနည်းငယ်ရဲလာပါကဆယ်ပါ။ ထန်းလျက်ကိုရေ အနည်းငယ်နှင့် ကြိုပါ ။ မုန့်လက်ကောက်နှင့် နှမ်းကပ်ကြော်ကို ထန်းလျက်ရည်နဲ့စားသုံးနိုင််ပြီး ပဲကပ်ကြော်ကိုတော့ သူ့အတိုင်းလေးစားသုံးနိင်ပါတယ်ရှင်။ကဲ အရမ်းလွယ်ပြီး ဗိုက်လည်းမြန်မြန်တင်းစေပါတယ်။

 

Share:

ငှက်ပျောပေါင်း

 

 

 

သိပ်ပြီး ပါဝင်ပစ္စည်းမပါပါဖူး။  အဓိကကတော့ အချိူပွဲ အတွက် အရမ်းသင့်တော်ပါတယ် ။ ပါဝင်ပစ္စည်းတွေကတော့

၁. ရခိုင်ငှက်ပျောသီး ဆယ်လုံး

၂. အုန်းနို့ ဗူးကြီး တစ်ဗူး( City Mart မှာဝယ်လို့ရပါတယ်)

၃. သကြားနှစ်ဆယ်သား။

 

ပြုလုပ်နည်း

အရမ်းလွယ်ကူပါတယ် ။အုန်းနို့ကိုကြိုပါ။ အုန်းနို့ဆူလာပြီဆိုလျှင် ငှက်ပျောသီးကို အခွံနွှာပြီး သကြားနှင့်အတူရောထည့်ပြီးပြုတ်ပါ ။ အိုးကို  အဖုံးဖုံးထားဖိုု့ မမေ့ပါနှင့်။ ငှက်ပျောသီးများပန််းရောင် သန်းလာပါက စားသုံးရန် အသင့်ဖြစ်ပါပြီ။ ထမင်းစားပြီး အချိူအီအီလေးတည်းလို့ရတာပေါ့နော်။

 

Share:

မုန့်ပျားသလက်

 

မြန်မာမုန့်လေးတွေကိုမြန်မာပြည်နေချိန်မှာအမှတ်တမဲ့နေခဲ့ကျပေမဲ့အဝေးရောက်သွားတော့မှသတိရပြီးတမ်းတတတ်လာတယ်။ကိုယ်လုပ်တတ်သလောက်လေးလုပ်စားဖြစ်သလိုမတတ်တာလေးတွေကိုလည်းနီးစပ်ရာကိုမေးမြန်ပြီးစမ်းလုပ်စားဖြစ်ခဲ့တယ်။ဒီတခါတော့မြန်မာပြည်ပြန်ရင်းမုန့်ပျားသလက်လုပ်နည်းလေးကိုမုန့်ပျားသလက်ရောင်းတဲ့ဆိုင်မှာသွားပြီးသေသေချာချာအသေးစိတ်မေးပြီးပြန်လာလုပ်စားဖြစ်တာလေးမျှဝေပေးချင်ပါတယ်။မြန်မာမုန့်လေးတွေလုပ်ရာမှာမေးမြန်းပြီးလုပ်ပေမဲ့လို့ချက်ချင်းကြီးမုန့်ကောင်းကောင်းထွက်မလာခဲ့ပါဘူး။အကြိမ်ကြိမ်စမ်းသပ်ရင်းကရလာတဲ့မုန့်အချိုးလေးဖြစ်ပါတယ်။မုန့်နှစ်ကြိတ်တဲ့ခြံနဲ့ကပ်နေလို့သင်ပေးတဲ့ကြိတ်စက်ကအကိုကလည်းစိတ်ရှည်လက်ရှည်သင်ပေးပေမဲ့လို့မုန့်နှစ်စပ်တဲ့ရေအချိုးကိုသူတို့ကလက်မှန်းမျက်မှန်းနဲ့ထည့်ကြတော့ကိုယ်ဘာကိုယ်လိုက်လုပ်ချိန်မှာအခက်အခဲနည်းနည်းရှိပါတယ်။
အရင်ကပြောခဲ့သလိုဘဲဆိုဖီယာအတွက်ခက်ခဲတဲ့အထဲမှာမြန်မာမုန့်လုပ်နည်းလေးတွေလည်းပါပါတယ်။အထူးသဖြင့်မြန်မာမုန့်လုပ်ရာမှာအချိုးအတိအကျသင်မပေးနိုင်တာကအဓိကပြသနာလို့ထင်ပါတယ်။မုန့်လုပ်တဲ့ဆန်အမျိုးအစားနဲ့အစိုအခြောက်ပေါ်မူတည်လို့အချိုးအတိအကျပေးဖို့လည်းခဲရင်းပါတယ်။အခုဆိုဖီယာလုပ်ထားတဲ့မုန့်အချိုးလေးမျှဝေပေးပါ့မယ်။အနီးစပ်ဆုံးရေကိုလိုတိုးပိုလျော့ထိန်းပြီးလိုက်လုပ်ဖို့လိုအပ်ပါတယ်။
ပါဝင်ပစ္စည်း
*********
ဆန်မှုန့် - လေးဘူး(၆၀၀ဂရမ်) (နို့ဆီဘူး)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဆော်ဒါ - တစ်ဇွန်း လ္ဘက်ဇွန်း
ထန်းလျက် - ၁၀၀ ဂရမ်
ရေ - ၆ဘူး (နို့ဆီဘူး)
ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်း
ပဲပြုတ် - တစ်ပန်းကန်
နံနံပင် - တစ်စည်း
နှမ်းထောင်း-အနည်းငယ်
အုန်းသီး - တစိတ်
ဆီ - အနည်းငယ်
တွဲဖက်စားရန်
*********
ခရမ်းချဉ်သီးထောင်း

ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံထားခြင်းဖြစ်ပါတယ်။မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုအထူးသတိပြုရန်လိုအပ်ပါတယ်။
(၂)ထန်းလျက်ကိုရေနို့ဆီဘူးတဘူးခွဲဖြင့်ကျိုပြီးအမှိုက်စစ်ကာအအေးခံထားပါ။(လုံးဝအေးသည်ထိ)
(၃)မုန့်ပျားသလက်အချိုအဖြူအတွက်ခွဲပြီး မုန့်နှစ်ရည်ဖျော်ရန်ဇလုံနှစ်ခုဖြင့်အချိုအတွ က်ဆန်မှုန့်တဘူးအဖြူအတွက်ဆန်မှုန့်၃ဘူးဆီခွဲထည့်ပါ။
(၄)အချိုအတွက်ဆန်မှုန့်တဘူးတွင်ဆားအနည်းငယ်နှင့်အအေးခံထားသောထန်းလျက်ရည်နို့ဆီဘူးတဘူးခွဲဆော်ဒါလ္ဘက်ဇွန်းလေပုံသုံးပုံထည့်ပြီးမွေထားပါ။
(၅)အဖြူမုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းသုံးပုံတပုံထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာအဖြူမုန့်နှစ်ရည်ဖျော်ထားပါ။
(၆)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။
(၇)မုန့်ပြားသလက်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။
(၈)မုန်ြ့ပားသလက်ပြုလုပ်ရန်အိုးကိုတော့မြေအိုးကိုအသုံးပြုရပါတယ်။ကျင့်ပြီးသားအိုးကိုမီးဖိုတွင်တင်ပြီးအပူပေးထားပါ။
(၉)အိုးပူလာပါကမုန့်နှစ်အဖြူရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပြီးအဖုံးအုပ်ထားပါ။
(၁၀)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးခရမ်းချဉ်သီးထောင်းမပျစ်မကျဲဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
(၁၁)မုန့်အချိုအတွက်အောက်ခံမုန့်နှစ်ရည်အဖြူကိုဇွန်းတဝက်အရင်ထည့်ပါ။ပြီးမှသာအချိုမုန့်နှစ်ရည်အုန်းသီးဆံထည့်ပြီးအဖုံးအုပ်ထားပါ။မုန့်နှစ်ကျက်ပါကဆီပုတ်ပေးပြီထုတ်ယူသုံးဆောင်နိုင်ပါပြီ။
❀❀မုန့်ပြားသလက်အချိုပြုလုပ်လျှင်အိုးမကပ်စေရန်အောက်ခံအဖြူခံပေးပါ။
❀❀နေရာဒေသအရမြေအိုးရရှိရန်မလွယ်ကူပါကအိုးမကပ်သောဒယ်အသေးလေးတွေအသုံးပြုနိုင်ပါတယ်။
❀❀မြေအိုးအသစ်ကိုအသုံးပြုလိုပါကမုန့်မကပ်စေရန်အိုးကိုမီးဖိုပေါ်တွင်အပူပေးပြီးဆားနှင့်ဆန်ကိုတူးနေအောင်ထည့်လှော်ပေးပြီးအိုးကျင့်ပြီးမှသာအသုံးပြုပါ။မုန့်ပျားသလက်ရောင်းတဲ့သူကတခါတည်းအိုးပါကျင့်ပေးလိုက်လို့မျှဝေပေးတာပါ။
❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။ရေနွေးပူများလျှင်မုန့်ပျော့ခြင်းမနှပ်ခြင်းများဖြစ်နိုင်ပါတယ်။
❀❀နေရာဒေသအလိုက်မုန့်ပြားသလက်ကိုခရမ်းချဉ်သီးထောင်းအစပ်ခပ်ကျဲကျဲလေးပြုလုပ်ပြီးတွဲဖက်စားလေ့ရှိကြပါတယ်။
❀❀မုန့်ပျားသလက်အချိုကိုဆော်ဒါပိုထည့်ပေးရပြီးအငံတွင်လျော့ထည့်ပါ။အဖြူတွင်ဆော်ဒါများပါကမုန့်အရောင်ဝါသွားတတ်ပါတယ်။

Share:

ရေမှုန့်


 ပါဝင်ပစ္စည်း
*********
ဆန်မှုန့် - ၃ဘူး(၄၅၀ဂရမ်) (နို့ဆီဘူး)
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
ေရ - ၄ဘူးခြဲ (နို့ဆီဘူး)
ရေနွေးပူ - ၃ဇွန်း စားပွဲဇွန်း
ပဲပြုတ် - တစ်ပန်းကန်
နံနံပင် - တစ်စည်း
နှမ်းထောင်း-အနည်းငယ်
ဆီ - အနည်းငယ်
တွဲဖက်စားရန်
**********
အကြော်စုံ
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဆန်တပြည်ကိုကောက်ညင်းလက်တစ်ဆုပ်ထည့်ပြီးရေစိမ်ကြိတ်ကာစစ်ထားအခြောက်ခံထားသောဆန်မှုန့်ကိုသုံးထားခြင်းဖြစ်ပါတယ်။(၂)မုန့်ပြုလုပ်ရန်ငစိန်ဆန်ကြမ်းမှာအကောင်းဆုံးဖြစ်ပါတယ်။အခြားဆန်ကိုလည်းအသုံးပြုနိုင်ပေမဲ့ရေနွေးအချိုးကိုသတိပြုရန်လိုအပ်ပါတယ်။
(၃)မုန့်နှစ်ဖျော်ရန်ဆန်မှုန့်၃ဘူးတွင်ဆားအနည်းငယ်ဆော်ဒါလ္ဘက်ဇွန်းတဝက်ထည့်ပါ။ရေနို့ဆီဘူးလေးဘူးခွဲတွင်ရေနွေးပူပူ၃ဇွန်းရောပြီးမွေပေးကာမုန့်နှစ်ရည်ဖျော်ထားပါ။
(၄)ဆန်ကိုရေစိမ်ရေစစ်ပြီးအမှုန့်ကြိတ်သုံးပါကမုန့်နှစ်ရည်နှပ်ထားရန်မလိုဘဲတန်းပြီးမုန့်လုပ်နိုင်ပါတယ်။ဆန်မှုန့်ခြောက်ကိုအသုံးပြုပါကနာရီဝက်ခန့်နှပ်ထားပေးဖို့လိုအပ်ပါတယ်။
(၅)ရေမုန့်ပြုလုပ်ရန်မုန့်နှစ်ရည်အသင့်ဖြစ်ပါနံနံပင်ပဲပြုတ်နှင့်နှမ်းထောင်းတို့ကိုအသင့်ပြင်ထားပါ။
(၆)အိုးပူလာပါကဆီအနည်းငယ်လူးပြီးမုန့်နှစ်ရည်ကိုသမအောင်မွေပေးပြီးယောက်ချိုဖြင့်တဇွန်းခပ်ထည့်ကာအိုးအနှံံ့ရောက်အောင်ဖြန့်ပေးပါ။ပဲပြုတ်နံနံပင်နှင့်နှမ်းထောင်းထည့်ပါ။
(၇)မုန့်နှစ်ကျက်ပါကအပေါ်ဖက်မှဆီအနည်းငယ်ပုတ်ပေးပြီးထုတ်ယူကာအကြော်စြုံဖင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀❀အသုံးပြုသောဆန်အမျိုးအစားပေါ်မူတည်ပြီးရေနွေးကိုချင့်ချိန်ထည့်ပါ။ဆန်နုဆန်ချောဖြစ်ပါကလျှော့ထည့်ပါ။
❀❀မုန့်ရေပါးလမ်းသရဲမုန့်ပြုလုပ်လိုပါကဆီကိုပိုသုံးပြီးခရမ်းချဉ်သီးငရုပ်သီးမဆလာအုန်းသီးစိမ်းပဲပင်ပေါက်ဂေါ်ဖီစသည်တို့ကိုဒေသအလိုက်ထည့်ပြီးပြုလုပ်လေ့ရှိပါတယ်။

Share:

မလိုင်ထိုးမှုန့်


 ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၆၀ ဂရမ်
အုန်းနို့ -၃၀၀ ml
ေရ - ၁၅၀ml
သကြား - ၃၀၀ ဂရမ်
ဆီ - ၈၀ ဂရမ်
ထောပတ် - ၈၀ ဂရမ်
မြေပဲဆန်/သီဟိုဠ်စေ့/ဖရုံယို -လက်တစ်ဆုပ်
မလိုင်အလွှာအတွက်ပါဝင်ပစ္စည်း
***********************
 နွားနို့ - ၅၀၀ ml
သကြား - ၁၀၀ ဂရမ်
ထောပတ် - ၂ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာရေ၁၅၀ml၊အုန်းနို့ ၃၀၀mlရောပြီးအ ပူပေးပါ။ (ဆူပွက်ရန်မလို)
2.ကောက်ညင်းမှုန့်နှင့်သာကူမှုန့်ကိုဇလုံတခုတွင်ထည့်ပြီးအပူပေးထားသောအုန်းနို့အရောဖြင့်နယ်ပေးပါ။မုန့်နှစ်ရပါကအဖုံးအုပ်ပြီးနာရီဝက်ခန့်ထားပါ။(အမှန်တော့ကောက်ညင်းဆန်ရေစိမ်ကြိတ်ပြီးမှလုပ်ပါတယ်။)
3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ဆီနှင့်ထောပတ်ကိုအပူပေးပြီးပူလာပါကဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးအဆက်မပျက်မွေပေးပါ။
4.ကောက်ညင်းအရောင်ပြောင်းပါကသကြားကိုဖြည်းဖြည်းချင်းထည့်မွေပါ။
5.အားလုံးသမကာချောမွေ့လာပါကမြေပဲသို့နှစ်သက်ရာသစ်သီးစေ့နှင့်အုန်းသီး၊ဖရုံယိုတို့ကိုထည့်ကာသမအောင်ထိုးမွေပေးပါ။သမသွားပါကဆီသုပ်ထားေ သာဘမ်းတွင်ထည့်ပြီးအအေးခံကာရိုးရိုးထိုးမုန့်ကိုလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
6.မလိုင်ထိုးမုန့်ပြုလုပ်ရန်အတွက်ထိုးမုန့်ကိုအအေးခံထားစဉ်မလိုင်ကျိုရန်ပြင်ဆင်ပါ။
7.အိုးမကပ်သောဒယ်တွင်နွားနို့ထည့်ပြီးမီးသေးသေးဖြင့်ပျစ်လာသည်ထိကျိုပေးပါ။မကပ်အောင်နှင့်ဝေမကျစေရန်အဆက်မပျက်မွေပေးပါ။
8.ပျစ်လာပါကသကြားနှင့်ထောပတ်ထည့်ကာအနည်းငယ်ခြောက်သည်ထိကျိုပေးပြီးအအေးခံထားသောထိုးမုန့်ပေါ်တွင်ဖြန့်ထည့်ကာအအေးခံပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကပါဝင်ပစ္စည်းများကိုသမအောင်မွေပေးပြီးတမိနစ်နှစ်မိနစ်တစ်ကြိမ်ထုတ်ယူပြီးသမအောင်မွေပေးပါ။
❀❀မုန့်သားကျက်ပြီးအရောင်ပြောင်းကာကြည်လာလျှင်ဘမ်းတွင်ထည့်ပြီးအအေးခံကာတည်ခင်းနိုင်ပါပြီ။
❀❀အုန်းနို့မထည့်ဘဲရေဖြင့်သီးသန့်ပြုလုပ်လိုကလုပ်နိုင်ပါတယ်။
❀ပါဝင်ပစ္စည်းများအားလုံးကိုထမင်းပေါင်းအိုးဖြင့်ကျက်အောင်ချက်ပြီးအိုးတွင်ပြောင်းထည့်ပြီးထိုးပါကလည်းလက်ညောင်းသက်သာစေပါတယ်။

Share:

အနုဆုပ်

 
အညာထန်းလျက်ထွက်တဲ့ဒေသတွေမှာလုပ်လေ့ရှိတဲ့အနုဆုပ်ခေါ်တဲ့ပဲဆုပ်လေးဘဲဖြစ်ပါတယ်။
ငယ်စဉ်ခလေးဘဝတွေမှာသာစားခဲ့ဖူးကြမယ်ထင်ပါတယ်။ခုချိန်မှာတော့လုပ်ရောင်းတဲ့သူမတွေ့ရ သလောက်ဖြစ်နေပါပြီ။တနေ့ကယိုးဒယားစျေးသွားရင်လိုချင်တဲ့ပစ္စည်းမရခဲ့ဘဲသကာရည်ကိုတွေ့တော့
အမေ့ကိုမေးတာသကာရည်ကဘာလုပ်တာလည်းပေါ့။အဲ့မှာအမေတို့ငယ်ငယ်တုန်းကဖိုးဖိုးရွာပြန်ရင်
သကာရည်ပုံးလိုက်သယ်လာပြီးအနုဆုပ်လုပ်ရောင်းတဲ့အကြောင်းပြောပြတယ်။
ဒါနဲ့ထုံးစံအတိုင်းစပ်စုစိန်လုပ်ပြီးမမြင်ဖူးမစားဖူးတဲ့အညာကမြန်မာမုန့်တခုက်ုလုပ်ဖြစ်ခဲ့ပါတယ်။
လွယ်လွယ်လေးနဲ့ရိုးရာအချိုမုန့်လေးမို့လုပ်စားရအောင်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်...
 

ပါဝင်ပစ္စည်း
*********
ကုလားပဲမှုန့် (အကျက်)- ၁၅၀ဂရမ်
သကာရည် - ၂၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.သကာရည်ကိုခဲနေပါကရေနွေးတဇွန်းခန့်ထည့်ပြီးညောင်စေးပုံစံဖြစ်အောင်မွေပြီးချေထားပါ။(အချို့သကာရည်မှာလေသလပ်ပြီးခြောက်နေတတ်ပါတယ်)
2.သကာရည်ပန်းကန်အတွင်းသို့ပဲမှုန့်အကျက်၁၂၀ဂရမ်ထည့်ပြီးသမအောင်မွေပေးပါ။ကျန်ပဲမှုန့်လက်ကျန်ကိုဘမ်းတခုတွင်ထည့်ထားပါ။
3.လုံး၍ရသောအနေအထားထိနယ်ပေး ပြီးမိမိနှစ်သက်ရာအရွယ်ဆုပ်လုံးပေးပါ။
4.လုံးပြီးသားအနုဆုပ်လေးများကိုပဲမှုန်ဖြူးထားသောဘမ်းတွင်ထည့်ပြီးလိမ့်ကာလူးပေးပါ။
5.အားလုံးလုံးပြီးပါကဘမ်းကိုနေပူတွင်တရက်ပြပြီးခြောက်သွားပါကလေလုံသောဘူးတွင်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀အထက်ပါအချိုးမှာ၁၀လုံးမှ၁၅လုံးရရှိပါတယ်။
❀ပုံစံဖြင့်ပြုလုပ်လိုပါကဘမ်းတွင်ဖြန့်ထ ည့်ပြီးပုံစံခွက်ဖြင့်ဖြတ်ကာအထက်ပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။
 

Share:

အုန်းမှန်ကူ

 

Coconut Candy
အုန်းမှန်ကူကိုငယ်စဉ်ကလေးဘဝကျောင်းမုန့်စျေးတန်းတွေမှာရောင်းတာကိုဝယ်စားဖူးကြမယ်ထင်ပါတယ်။အခြားအိမ်နီးချင်းနိုင်ငံများတွင်လည်းပုံစံအမျိုးမျိုးပြုလုပ်ပြီးအချိုပွဲအဖြစ်တည်ခင်းတာတွေ့ရပါတယ်။
မိမိအိမ်မှာထမင်းစားပြီးအချိုတည်းစရာအဖြစ်ပြုလုပ်နိုင်သလိုဆေးသကြားကင်းတဲ့အချိုမုန့်ကိုသားငယ်သမီးငယ်များအတွက်ပြုလုပ်ပေးနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
အုန်းသီး - ၃၀၀ ဂရမ်
သကြား - ၄၀၀ ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.အုန်းသီးကိုအပြင်အမဲများလှီးထုတ်ပြီးအမျှင်ခြစ်ထားပါ။(ဒီမှာတော့ခြစ်ပြီးသားဝယ်ပြီးပြုလုပ်လို့အမျှင်မရပါ)
2.ခြစ်ပြီးသားအုန်းသီးကိုမီးအေးအေးဖြင့်အရောင်မပြောင်းအောင်လှော်ပေးပါ။
3.အုန်းသီးအတော်လေးခြောက်လာပါကသကြားထည့်ပြီးအဆက်မပျက်မွေပေးပါ။
4.သကြားများအရည်ပျော်ပြီးခြောက်လာသည်ထိမွေပေးပါ။
5.ခြောက်ပြီးခဲလာပါကဆီလူးထားသောဘမ်းတွင်ဖိထည့်ပြီးအအေးခံထားပါ။
6.အတော်အသင့်အေးပါကလိုသလိုလှီးဖြတ်ကာဘမ်းတွင်ဖြန့်ထားပြီးလေသလပ်အခြောက်ခံထား ပါ။
7.အားလုံးခြောက်ပြီးမာခဲလာပါကလေလုံသောဘူးတွင်ထည့်ပြီးသိမ်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀နှစ်သက်ရာအရောင်ထည့်ပြီးလည်းပြုလုပ်နိုင်ပါတယ်။
❀အအေးခံထားစဉ်မာသွားသည်ထိမစောင့်ဘဲလှီးဖြတ်ပြီးမှသာလေသလပ်ထားပြီးအခြောက်ခံပါ။

Share:

ကန်ဇွန်းဥယို

 


Sweet Potato Pudding
ငယ်ငယ်တုန်းကကျောင်းမုန့်စျေးတန်းမှာကန်ဇွန်းဥယိုဆိုပြီးရောင်းတာလေးတွေရှိခဲ့ဖူးပါတယ်။အခုခေတ်တော့နိုင်ငံခြားဖြစ်မုန့်မျိုးစုံပုံစံအမျိုးမျိုးတွေကခလေးငယ်တွေကိုစွဲဆောင်နေကြတာမို့ကျောင်းတွေမှာရောင်းရင်တောင်ဝယ်စားဖြစ်ကြပါတော့မလားမသေချာတော့ပါ..... ဆိုဖီယာတော့ကလေးဘဝကတည်းကနှစ်သက်ခဲ့တဲ့မုန့်လေးဖြစ်သလိုဘယ်အချိန်စားစားမရိုးနိုင်တဲ့မုန့်လေးပေါ့။အိမ်ကသားငယ်သမီးငယ်လေးတွေလုပ်ကျွေးနိုင်အောင်လုပ်နည်းလေးမျှဝေပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကန်ဇွန်းဥ - ၈၀၀ ဂရမ်/၅၀ကျပ်သား
ကြံသကာ/သကြားညို - ၁၀၀ဂရမ်
ဆား - လ႓က်ဇွန်းတဝက်
ထောပတ်/ဆီ - ၅၀ ဂရမ်
မြေပဲလှော် - ၅၀ ဂရမ်
နှမ်းလှော် - ၂၀ဂရမ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဦးစွာကန်ဇွန်းဥကိုရေဆေးပြီးနူးအောင်ပြုတ်ထားပါ။
(၂)နူးအိပါကအခွံသင်ပြီးကျေအောင်ခြေပါ။ကြံသကာသုံးလိုပါကညောင်စေးကျေ အာင်ကျိုထားပါ။မြေပဲလှော်ပြီးလုံးခြမ်းကွဲကြိတ်ထားပါ။နှမ်းလှော်ထားပါ။
(၃)အိုးတခုတွင်ထောပတ်ထည့်ပြီးအပူပေးပါ။ကန်ဇွန်းဥချေထားသည်ကိုထည့်ပါ။သကြားညိုသို့မဟုတ်ကြံသကာဆားထည့်ပြီးသမအောင်မွေပေးပါ။
(၄)လုံးပြီးဆီပြန်လာသည်ထိမွေပေးပါ။ဆီပြန်လုံးလာပါကမြေပဲလှော်လုံးခြမ်းကွဲကြိတ်ထားသည်နှင့်နှမ်းလှော်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(၅)ဘမ်းတွင်ပုံစံဖြင့်လှီးယူလိုပါကဆီလူးထားသောဘမ်းတခုတွင်ဖိထည့်ပေးပြီးမျက်နှာပြင်ညီအောင်ပြုလုပ်ကာအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

Share:

ခရမ်းချဉ်သီးယို


 Tomato Jam
ခရမ်းချဉ်သီးပေါချိန်တွေမှာပြုလုပ်ပြီးအ ချိုပွဲအဖြစ်တည်ခင်းနိုင်သလိုမနက်ခင်းစာအတွက်ပေါင်မုန့်ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်မဲ့ခရမ်းချဉ်သီးယိုဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး(အမာသီး)-တစ်ကီလို
ကြံသကာ - ၂၅၀ ဂရမ်
ထုံးရည်ကြည် - တလီတာ
(ထုံးလ္ဘက်စားဇွန်းတဇွန်းရေတလီတာ)
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ခရမ်းချဉ်သီးအသားထူပြီးမာသော အသီးကိုအစေ့ထုတ်ထားပါ။
(၂)ထုံးရည်ဖျော်ထားသည်ကိုအပေါ်ရည်ကြည်စစ်ယူပြီးအစေ့ထုတ်ထားသောခရမ်းချဉ်သီးများမြုတ်အောင်တညစိမ်ထားပါ။
(၃)မကြာမကြာအထက်အောက်လှန်ပေးပါ။
(၄)တညစိမ်ထားသောခရမ်းချဉ်သီးကိုဆယ်ယူရေဆေးသန့်စင်ကာရေစစ်ထားပါ။
(၅)ရေစစ်သွားပါကဇကာတခုတွင်ဖြန့်ထည့်ပြီးနေပူပူတွင်တနေလှန်းပါ။
(၆)အနည်းငယ်ဖန့်သွားပါကအိုးတခုတွင်ကြံသကာကိုရေ၃ဇွန့်ခန့်ထည့်ပြီးအပူပေး ကာပျော်အောင်ပြုလုပ်ပါ။
(၇)ကြံသကာပျော်သွားပါကနေပြပြီး သားခရမ်းချဉ်သီးတို့ကိုထည့်ပြီးမွေပါ။
(၈)ကြံသကာရည်ခြောက်လာပါက မီးဖို မှချကာအအေးခံပြီးသန့်ရှင်းသောဘူးပု လင်းတို့ဖြင့်ထည့်ပြီးသိမ်းဆည်းသုံးေ ဆာင်နိုင်ပါပြီ။
❀ထုံးရည်စိမ်ခြင်းဖြင့်မာဆပ်ဆပ်ခရမ်းချဉ်သီးယိုကိုရရှိမှာဖြစ်ပါတယ်။
❀ထုံးရည်မစိမ်ဘဲခရမ်းချဉ်သီးယိုအကြေကိုကြိတ်ပြီးလည်းပြုလုပ်နိုင်ပါတယ်

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu