ရှာဖွေရန်

ပေါက်စီ


 ပေါက်စီလုပ်နည်းများစွာရှိပြီးတယောက်နဲ့တယောက်လုပ်နည်းများကွဲပြားကြပါတယ်ဘယ်လုပ်နည်းနဲ့လုပ်လုပ်ပေါက်စီမှာအစအလယ်အဆုံးအကုန်အရေးကြီးပါတယ်။တချို့မုန့်လုပ်နည်းများလိုပါဝင်ပစ္စည်းအချိုးအစားမှန်ရုံနဲ့ပေါက်စီလှလှကောင်းကောင်းမထွက်လာနိုင်တဲ့မုန့်တခုလည်းဖြစ်ပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုအရှင်းဆုံးရေးပေးထားတဲ့အတွက်တဆင့်ချင်းကိုသေချာဖတ်ပြီးလိုက်လုပ်မယ်ဆိုရင်အဆင်ပြေနိုင်ဖို့မျော်လင့်ပါတယ်။
❀❀ဝါသနာရှင်များမေးထားတဲ့မေးခွန်းများအားလုံးကိုခြုံပြီးအတွေ့အကြံုများစွာကိုအခြေခံလို့အရေးကြီးလိုအပ်တဲ့သတိပြုရမဲ့အချက်တွေထပ်မံဖြည့်စွက်ပေးထားပါတယ်။အောင်မြင်ကြပါစေ....
ပေးထားသောအချိုးဖြင့်ပြုလုပ်ပါကပုံတွင်ပြထားသောminiအလုံးလေးဆယ်ခန့်ရပါတယ်။
ဂျုံသားအတွက်ပါဝင်ပစ္စည်း (၄၀လုံး)
******************
ဂျုံ - ၅၀၀ ဂရမ် (All Purpose Flour)
Yeast ပွဆေး - ၁/၃ စားပွဲဇွန်း
သကြား - ၅၀ဂရမ်
ဆား - ၃ဂရမ် အနည်းငယ်
ဆီ - ၅၀ ဂရမ်
ကြက်ဥ - တလုံး
ေရ - ၂၀၀ ml
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဂျုံကိုဇလုံတခုတွင်ထည့်ပြီးပါဝင်ပစ္စည်းအားလုံးထည့်ပြီးဂျံုသားချောမွေ့လာသည်ထိနှယ်ပါ။
❀❀ရေကိုအကုန်မထည့်ဘဲဖြည်းဖြည်းဆီထည့်နယ်ပါ၊ဂျံ ုအမျိုးအစားပေါ်မူတည်ပြီးအပျော့အမာကွဲနိုင်ပါတယ်။
❀❀မုန့်သားဖြူရန်ဂျုံနယ်သားကျရန်အရေးကြီးပါတယ်။လက်ဖြင့်နယ်လျှင်မိနစ်၂၀နှင့်စက်ဖြင့်၁၂မိနစ်။
(၂)ဂျုံသားညက်ပါကညီတူညီမျှ၁၂လုံးလုံးပြီးအစာသွပ်ရန်၅မိနစ်ခန့်နှပ်ထားပါ။
(၃)မိမိနှစ်သက်ရာအစာကိုအဆင်သင့်လုပ်ထားပါ။
❀❀ ပဲယို၊အုန်းသီး၊အသားတို့ကိုပူနွေးမနေစေရန်ဂရုပြုပါ။
(၄)ဂျုံသားနှပ်ပါကလိမ့်တုန်းဖြင့်ပြားပြီးအစာသွပ်ပါ ။
❀❀  လိမ့်တုံးဖြင့်ဖြန့်၍ရလျှင်ဂျုံနှပ်ပါပြီ။
(၅)အစာသွပ်ပြီးသားပေါက်စီကိုမိမိပေါင်းမည့်ဘမ်းတွင်တခါတည်းစက္ကူခံပြီးတင်ပါ။❀❀ အစာသွပ်ပြီးအပွခံထားစဉ်မုန့်ကိုမထိရမကိုင်ရဘမ်းပြောင်းရွေ့ခြင်းမပြုရ။
(၆)အားလုံးအစာသွပ်ပြီးပါကလေလုံအောင်ဖုံးအုပ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။
❀❀ အပွခံထားစဉ်လေလုံရပါ့မယ်လေသလပ်မိပါကမုန့်သားခြောက်ပြီးလိုသလောက်မပွနိုင်ပါ
❀❀ရာသီဥတုပေါ်မူတည်ပြီးအပွခံချိန်ကြာမြင့်နိုင်ချိန်မှာအပူဆုံးရာသီတွင်၄၅မိနစ်စောင့်ရပြီးအေးလျှင်၃နာရီနှင့်အထက်ကြာတတ်သည်။ (၇)အပွအနေထားရခါနီးလျှင်ပေါင်းမည့်အိုးကိုရေအစဉ်သင့်တည်ထားပါ။
❀❀ ပွပြီဆိုသည်နှင့်တပြိုင်တည်းပေါင်းနိုင်ရန်အပွမလွန်စေရန်အပွလွန်မှပေါင်းပါကမုန့်သားကြမ်းခြင်းအပွပြန်ကျပြီးမုန့်ပြားချပ်သွားခြင်းဖြစ်နိုင်ပါတယ်။
(၈)အပွခံထားသောမုန့်လိုအပ်သောအပွအနေထားသို့ရောက်ပါကဆူပွက်နေသာရေပေါင်းခံအိုးသို့တင်ပြီးအဖုံးလုံလုံဖြင့်ဆယ်မိနစ်ခန့်ပေါင်းလျှင်မုန့်သားကျက်ပြီးပေါင်းမှချကာသုံးဆောင်နိုင်ပါပြီ။
❀❀အပွခံထားသောပေါက်စီဘမ်းကိုပေါင်းအိုးပေါ်တင်စဉ်တိုက်မိပြုမိခြင်းမရှိအောင်ဂရုပြုပါတိုက်မိပါကအပွသေပြီးကျောက်ပေါက်ရာများပေါ်လာမည်။
❀❀ပေါင်းသည့်မီးအရှိန်မှာအမြင့်ဆုံးဖြစ်ရမည်။
❀❀ ပေါင်းထားစဉ်တွင်ဆယ်မိနစ်မပြည့်မချင်းဖွင့်မကြည့်ရဖွင့်ကြည့်မိပါကမုန့်သားမကျက်နိုင်တော့ပါ။
❀❀ပေါင်းသည့်အိုးရေနွေးငွေ့လုံသောအိုးဖြစ်ရမည်။
❀❀မလုံသောအိုးဖြစ်ပါကရေငွေ့အားမပြင်းသဖြင့်မုန့်သားမကျက်နိုင်။ရေနွေးငွေ့မလုံသည့်နေရာကိုအဝတ်ရေစိုဖြင့်ပတ်ထားပေးပါ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ က်ပ္သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ႓က်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
ကြက်သားအစာသွပ်ရန်အတွက်
*********************
(၁)ကြက်သွန်နီအတုံးသေးသေးစိတ်ပြီးကြော်ပါ။
(၂)ကြက်သားစင်းကောထည့်ပါ။
(၃)ဆားဟင်းခတ်မှုန့်ရှောက်ကောထည့်ပါ
(၄)ကျိုချိုက် ထည့်ပါ။ နှစ်သက်ပါကပဲပင်ပေါက်ထည့်ပါ။
(၅)အရသာမြည်းကာဆယ်ယူဆီစစ်ထားပါ
(၆)အစာသွပ်မည့်အချိန်တွင်ကြက်ဥအစိမ်းတလုံးထည့်ကာမွေပေးပါ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive