ရှာဖွေရန်

အီကြာကွေး

 

အီကြာကွေးလုပ်နည်းကတယောက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိနိုင်ပါတယ်။ဒီနည်းလေးကတော့မိရိုးဖလာလုပ်လာတဲ့နည်းမို့နှစ်သက်တယ်အဆင်ပြေတယ်ဆိုရင် လိုက်လုပ်ကြည့်ပါနော်။
ပါဝင်ပစ္စည်း  (၁၅ချောင်းစာ)
******
ဂျုံ - ၅၀၀ ဂရမ်
ေရ - ၃၅၀ ml
ဆား - လ႓က်ဇွန်း တစ်ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
ဆီ -  နှစ်ဇွန်း
Yeast - လ႓က်ဇွန်းတဝက်
ဆော်ဒါ - လ႓က်ဇွန်းတဝက်
ကြက်ဥ - တစ်လုံး
ပြုလုပ်နည်း
******
အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးပါ။ ဂျံုသားများဟာအလွန်ပျော့နေရပါ့မယ်။ပြီးလျှင်ဂျံုသား အားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျံုဖြူးပြီးလေးထောင့်အနေခေါက်ကာအဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျံုမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိ ဆွဲဖြန့်ပေးပါ။ အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။ဆီပူပါကဖြန့်ထားသောဂျံုကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျံုကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။

အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျံုသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။ဆီပူထည်းချကြော်စဉ်တူတစုံဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။

 

ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive