ရှာဖွေရန်

ဖက်ထုပ်ရွက်

 

Wonton leaf
ဖက်ထုပ်ကြော်ဖက်ထုပ်ပြုတ်ဆိုတာအားလုံးနဲ့ရင်းနှီးပြီးသားအစားအစာတခုပါ။ဖက်ထုပ်ကြော်ဖက်ထုပ်ပေါင်းကိုDimsum တွေမှာလည်းထည့်ပေးလေ့ရှိပါတယ်။အဓိကတချို့ဒေသတွေမှာဖက်ထုပ်ဖက်ဝယ်မရလို့လုပ်နည်းမေးထားသူများအတွက်ရည်ရွယ်ပြီးအားလပ်ရက်မှာမိသားစုတူတူလုပ်စားနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဖက်ထုပ်ဖက်ပြုလုပ်ရန်ပါဝင်ပစ္စည်း
************************
(အချပ် -၄၀)
ဂျုံမှုန့် - ၂၀၀ဂရမ်
ဆား - အနည်းငယ်
ေရ - ၁၁၀ml
ကော်မှုန့် - ၃ဇွန်း (လက်ကိုင်လူးရန်)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေကိုနည်းနည်းဆီထည့်မွေပါ။
(၂)လုံးလာပါကလက်ဖြင့်ဆယ်မိနစ်ခန့်ချောမွတ်လာသည်ထိနယ်ပေးကာပလပ်စတစ်ဖြင့်တနာရီခန့်အုပ်ပြီးနှပ်ထားပါ။
(၃)နှပ်ပြီးပါကဂျုံလုံးကိုလေးပုံအညီအမျှခွဲကာဖုံးအုပ်ထားပါ။
(၄)တပုံကိုခပ်ရှည်ရှည်လိမ့်ပြီးဆယ်ပိုင်းညီတူမျှတူပိုင်းဖြတ်ပါ။
(၅)တစ်ပိုင်းဆီကိုကော်မှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပြီးအဝိုင်းပြုလုပ်လိုပါကပုံစံခွက်ဖြင့်ဖြတ်ယူပါ။
(၆)ပြီးလျှင်ကော်မှုန့်ဖြူးပြီးအားလုံးကိုထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။လေးထောင့်ပြုလုပ်လိုပါကအဝိုင်းကြီးဖြန့်ကာကော်မှုန့်ဖြူးပြီးခေါက်ပေးကာအထပ်လိုက်ဓားဖြင့်လှီးဖြတ်နိုင်ပါတယ်။
**ဤအချိုးဖြင့်ပင်အိမ်လုပ်ဂျုံခေါက်ဆွဲပြုလုပ်နိုင်ပါတယ်။
ပြုလုပ်ပြီးသောဖက်ထုပ်ရွက်ကိုလေလုံအောင်ထုပ်ပြီးရေခဲသေတ္တာတွင်၃ရက်ခန့်သိမ်းဆည်းထားနိုင်ပြီးမိမိမိစားလိုသောအချိန်တွင်အစာသွပ်ကာလိုချင်သောပုံစံထုပ်ပေးပါပြီးဆီပူတွင်ချကြော်ခြင်းအိုးကင်းကပ်ကြော်ခြင်းပြုတ်ခြင်းတို့ကိုနှစ်သက်သလိုပြင်ဆင်ပြီးအချဉ်ရည်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive