ရှာဖွေရန်

မုန့်ဦးနှောက်


 

မုန့်ဦးနှောက်ကိုနေရာဒေသအလိုက်ပြုလုပ်နည်းရောပုံစံပါကွဲပြားစွာတွေ့ရှိရမှာဖြစ်ပါတယ်။မန္တလေးဘက်မှာတော့မုန့်ဦးနှောက်ကိုအခုလိုဆီချက်နဲ့ခပ်နုနုစိမ့်စိမ့်လေးသုံးဆောင်ကြပါတယ်။ရန်ကုန်ဘက်ကမုန့်ဦးနှောက်ကိုတော့အုန်းဆီချက်ပြီးအချိုသုံးဆောင်ကြလို့အနံ့ရောအရသာပါမတူကွဲပြားလို့နေပါတယ်။အညာကမုန့်ဦးနှောက်ကအမှန်တကယ်ဦးနှောက်စားရသလိုဘဲနူးညံ့ပြီးစိမ့်စိမ့်လေးမို့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပါဘဲရှင်...အဝေးရောက်ချစ်မိတ်ဆွေများအတွက်ဆိုဖီယာရဲ့မုန့်ဦးနှောက်လုပ်နည်းမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆန်မှုန့် (ဆန်ချော) - ၄၈၀ ဂရမ်
ေရ - ၂လီတာ
ထုံးရည်ကြည် - ၁လီတာ
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ငှက်ပျောဖက် - ပေါင်းရန်
တွဲဖက်စားရန်
**********
ကြက်သွန်နီကြော်/ဆီ
မြေပဲထောင်း
ဆားမီးဖုတ်/ဆားလှော်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာပထမထုံးရည်ကြည်ပြုလုပ်ထားဖို့လိုပါတယ်။ရေတလီတာထုံးလ္ဘက်ဇွန်းတဇွန်းနှုန်းဖြင့်ဖျော်ပြီးအနည်ထိုင်ကာထုံးရည်ကြည်အသင့်ပြုလုပ်ထားပါ။(ထုံးကိုကွမ်းယာဆိုင်နှင့်စျေးဆိုင်များတွင်ဝယ်ယူနိုင်ပါတယ်။)
2.ဆန်မှုန့်ကိုရေနှစ်လီတာဖြင့်ဆားထည့်ပြီးဖျော်ထားပါ။
3.အားလုံးအသင့်ဖြစ်ပါကရေဖျော်ထားသောဆန်မှုန့်ကိုမီးဖိုပေါ်တင်ပြီးအဆက်မပျက်မွေပေးပါ။
4.တဖြည်းဖြည်းပျစ်လာပါကထုံးရည်ကြည်ကိုတဖက်မှထည့်ပြီးမွေပေးပါ။
5.မိနစ်၃၀ခန့်ထိမွေပေးပြီးမုန့်နှစ်ရည်ကိုအနည်းငယ်ယူပြီးရေဇလုံတွင်ချကြည့်ပါ။ခဲနိုင်သောအနေ အထားရပါကမီးပိတ်ပြီးခပ်နွေးနွေးအနေအထားရအောင်ထားပါ။
6.အအေးခံထားစဉ်ငှက်ပျောဖက်ကိုရေဆေးသန့်စင်ပြီးမီးပြထားပါ။ရေနွေးပေါင်းအိုးအတင့်တည်ထား ပါ။
7.မုန့်ဦးနှောက်အနှစ်အတော်အတင့်နွေးသောအနေရပါကတဇွန်းစာဆီခပ်ပြီးငှက်ပျောဖက်တွင်ထည့်ကာသေချာစွာထုပ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။
8.အားလုံးထုပ်ပြီးပါကရေနွေးပေါင်းအိုးတွင်မိနစ်၂၀ခန့်ပေါင်းပြီးငှက်ပျောဖက်နံ့မွေးလာပါကမီးဖိုမှချကာလုံးဝအေးသွားသည်ထိအအေးခံထားပါ။
9.တွဲဖက်သုံးဆောင်ရန်အတွက်ကြက်သွန်ကြော်နှင့်ဆီ၊မြေပဲထောင်း၊ဆားမီးဖုတ်တို့ကိုပြင်ဆင်ထားပါ ။
10.လုံးဝအေးပြီးခဲသွားသောမုန့်ဦးနှောက်ကိုဓားဖြင့်စိတ်ပြီးအပေါ်မှကြက်သွန်ကြော်ဆီကြက်သွန်ကြော်ဆားမီးဖုတ်မြေပဲထောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဆန်ကိုကြိတ်ပြီးပြုလုပ်လိုပါကမကြမ်းတောဆန်ကိုအသုံးပြုပါ။
❀ရေစိမ်ကြိတ်ပြီးပြုလုပ်သောဆန်မှုန့်ကိုအသုံးပြုပါကရေအချိုးကိုအနည်းငယ်လျော့ပေးပါ။
❀ဆားမီးဖုတ်ပြုလုပ်ရန်မြေအိုးဖြင့်ဆားကိုမီးကင်ထားနိုင်သလိုဒယ်အိုးဖြင့်ဆားကိုအရောင်ပြောင်းသည်ထိလှော်ပေးနိုင်သည်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive