ရှာဖွေရန်

ဖက်ထုပ်ဆီချက်

 

Chinese Dumpling with Garlic Oil
ဖက်ထုပ်ရွက်ပြုလုပ်ပုံ
***************
(၂၅ခုစာ)
ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ေရဆူ - ၁၂၀ ml
ဆီ - တစ်ဇွန်း စားပွဲဇွန်း
ဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျံု)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။
2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။
3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။
4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပါ။
5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
❀အများအပြားထပ်မထားရကပ်သွားတတ်သည်။
ပါဝင်ပစ္စည်း
*********
ဖတ်ထုပ်ရွက် - ၂၅ရွက်
ကြက်သား  - ၁၅၀ ဂရမ်
မုန်ညင်းဖြူ - ၄ရွက်
ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်
ဆား -  တစ်ဇွန်း (လ္ဘက်ဇွန်း)
သကြား- ဇွန်းတဝက်
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ဂျင်း - သေးသေးစိတ် တစ်ဇွန်း
နှမ်းဆီမွေး - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။
2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။
(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)
3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။
4.အားလုံးထုပ်ပြီးသွားပါကအိုးတလုံးဖြင့်ရေနွေးတည်ထားပါယ
5.ရေနွေးဆူပွက်ပါကဖက်ထုပ်များထည့်ပြီးပြုတ်ပေးပါ။နှစ်မိနှစ်ခန့်ဆူပွက်ပြီးပါကဆယ်ယူကာပန်းကန်တွင်ထည့်ပါ။(ခေါက်ဆွဲရောလိုပါကခေါက်ဆွဲကိုရေနွေးဖျောထည့်ပါ။)
6.ပြီးလျှင်ဆားဟင်းခပ်မှုန့်နှင့်ကြက်သွန်ဖြူဆီချက်ထည့်ပြီးသမအောင်မွေပေးပါငရုတ်သီးဆီချက်နံနံပင်တို့ဖြင့်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive