ရှာဖွေရန်

ပုသိမ်ဟာလဝါ(အခြောက်)

 

Dry Pathein Halwa
မြန်မာပြည်မှာရှိနေစဉ်အချိန်များမှာတောင်အမြဲမစားရတဲ့ပုသိမ်ဟာလဝါကိုအဝေးတနေရာကနေတမ်းတမိတော့ကိုယ်တိုင်လုပ်စားရုံကလွဲလို့အခြားနည်းလမ်းမရှိဖြစ်ပြီပေါ့နော်။ချောင်းသာသွားချိန်နဲ့အပြန်လက်ဆောင်ဖြစ်တဲ့ပုသိမ်ဟလဝါအခြောက်နှင့်ပုသိမ်ဟာလဝါလေးကိုတော့အတော်များများလည်းနှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။ဟာလဝါနဲ့ထိုးမုန့်များပြုလုပ်ရာမှာလက်ညောင်းအောင်မွေရတဲ့အခက်အခဲကြောင့်လုပ်မစားဖြစ်တာလည်းပါတယ်။ဆိုဖီယာပထမအခေါက်မှာလက်နဲ့မွေထိုးမိတာအရမ်းပင်ပန်းလို့တော်ရုံထပ်မလုပ်စားဖြစ်တော့ဘူး။နောက်ပိုင်းအတော်များများကသက်သာအောင်ပေါင်းအိုးနဲ့အရင်ချက်တယ်ပြီးမှအိုးမကပ်တဲ့ဒယ်နဲ့မီးဖိုပေါ်တင်ထိုးတယ်။မိုက်ခရိုဝေ့နဲ့လည်းသုံးပြီးလုပ်တယ်ဆိုတာတွေ့လာရတော့စမ်းလုပ်ကြည့်တာအတော်လေးသက်သာပြီးအချိန်မရွေးအလွယ်တကူလုပ်စားနိုင်သွားပါပြီ။ထိုးမုန့်လုပ်နည်းကိုအခြေခံလို့မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်ထားတဲ့ပုသိမ်ဟာလဝါလုပ်နည်းလေးကအဝေးရောက်နေသူများအဖို့တော့ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။အစိုနဲ့မတူတမူထူးတဲ့အရသာလေးရှိတဲ့ ပုသိမ်ဟာလဝါအခြောက်လေးလုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၂၄၀ ဂရမ်
သာကူမှုန့် - ၈၀ ဂရမ်
အုန်းနို့ -၂၀၀ ml
နွားနို့ / ရေ - ၂၀၀ml
သကြား - ၂၅၀ဂရမ်
(သကြားညို ၁၅၀ ဂရမ် / သကြားဖြူ ၁၀၀ ဂရမ်)
ဆီ - ၄၀ ဂရမ်
ထောပတ် - ၄၀ ဂရမ်
ဘိန်းစေ့ - ၂၀ ဂရမ် (လှော်ပြီးသား)
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဘိန်းစေ့မှလွဲပြီးကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေထားပါ။
(၂)မီးဖိုတွင်ပြုလုပ်လိုပါကအိုးမကပ်သည့်ဒယ်တွင်ထည့်ပြီးအနေတော်မီးဖြင့်ချောမွေ့လာအောင်အဆက်မပြတ်မွေပေးပါ။
(၃)မုန့်နှစ်ပျစ်လာပါကဘိန်းစေ့ထည့်ပါ။
(၄)မုန့်နှစ်ကျက်ပြီးအရောင်ကြည်လာကာဆီပြန်ပြီးလုံးလာပါကဘမ်းတွင်ထည့်ပြီးအအေးခံကာသုံးဆောင်နိုင်ပါပြီ။
(၅)မီးဖိုပေါ်တွင်အိုးဖြင့်ပြုလုပ်လျှင်မွေရသက်သာအောင်ပေါင်းအိုးဖြင့်ချက်ပြီးလည်းဒယ်တွင်ပြောင်းကာဆီပြန်အောင်ထိုးပေးနိုင်ပါတယ်။
(၆)မိုက်ခရိုဝေ့ဖ်ဖြင့်ပြုလုပ်လိုပါကအပူခံဖန်ပန်းကန်လုံးကြီးကြီးတွင်ဖျော်ထားသောမုန့်နှစ်ကိုထည့်ပြီးမိုက်ခရိုဝေ့ဖ်တွင်၁မိနစ်-၂မိနစ်တကြိမ်ထည့်ပြီးထုတ်ယူကာသမအောင်မွေပေးပါ။ဘိန်းစေ့ထည့်ပါ။
(၇)မိုက်ခရိုဝေ့အားပေါ်မူတည်ပြီး၆ကြိမ်မှရကြိမ်ပြုလုပ်ပြီးပါကလိုချင်သောမုန့်သားအနေထားရပီဖြစ်၍ဘမ်းတွင်ထည့်ပြီးအအေးခံကာလိုသလိုကပ်ကြေးဖြင့်ညပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
(၈)ပုသိမ်ဟာလဝါအခြောက်ပြုလုပ်ရန်အတွက်လုံးဝအေးသွားပြီးသောပါသိမ်ဟာလဝါကိုလိမ့်တုံးဖြင့်ပြန့်အောင်လိမ့်ပြီးဘမ်းထဲတွင်လေသလပ်ခံတဲ့နည်းနဲ့အခြောက်ခံထားခြင်းဖြစ်ပါတယ်။မကြာခဏအထက်အောက်လှန်ပေးပါ။
(၉)အထားခံတဲ့ခြောက်သွားသောပုသိမ်ဟာလ ဝါမှာထုတ်ထုတ်တင်းတင်းလေးဖြစ်ပါတယ်။လိုသလိုလှီးဖြတ်ပြီးဘူးဖြင့်ထည့်ကာသိမ်းဆည်းသုံးဆောင်နိုင်ပါသည်။
❀❀ကြံသကာကိုအသုံးပြုပါကဦးစွာကြံသကာကိုညောင်စေ့ကျအောင်ကျိုပြီးထည့်ပါ။
❀❀လွယ်ကူပြီးလိုချင်သောအရောင်ရရှိရန်သကြားညိုနှင့်သကြားဖြူရောသုံးထားခြင်းဖြစ်ပါတယ်။
❀❀သကြားဖြူကြည့်သုံးလိုပါကသကြားကိုကရမလ်အရောင်ရအောင်ကျိုပြီးထည့်ပါ။
❀❀အချိုနှစ်သက်ပါကသကြားအချိန်ကိုတိုးပေးနိုင်ပါတယ်။
❀❀အပူချိန်ပြင်းပါကမုန့်သားချက်ချင်းကျက်ပြီးသမပြီးမုန့်သားချောအောင်မွေချိန်ကြာတတ်ပါတယ်။
❀❀အခြောက်ခံစဉ်အလွန်ခြောက်သည်ထိမထား ဘဲအတော်အတင့်ခြောက်သည်နှင့်လှီးဖြတ်သိမ်းဆည်းပါ။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive