ရှာဖွေရန်

မျှစ်စိမ့်ဆန်လှော်ဟင်း

 

ရှမ်းပြည်တောင်ပိုင်းအစားအစာတခုဖြစ်တဲ့မျှစ်စိမ့်ဆန်လှော်ဟင်းဖြစ်ပါတယ်။ဒီဟင်းချက်နည်းလေး ကိုမျှဝေပေးလာတာကတော့တောင်ကြီးမြို့မှညီမယွန်းဖူးဖူးဘဲဖြစ်ပါတယ်။ချက်စားကြည့်ရအောင်ေ နာ်။
ပါဝင်ပစ္စည်း
********
မျှစ် - ၁၅၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း
ၾကက္သြန္နီ - ႏွစ္လံုး
နနွင်း - အနည်းငယ်
ငါးရံ့ - တစ်ကောင်
ဆန်လှော်မှုန့် - နှစ်ဇွန်း စားပွဲဇွန်း
ဆီ - ငါးရံ့ကြော်ရန်
ပူစီနံ - တစ်ပန်းကန်
ဆား - ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ပြင်ဆင်ပြူလုပ်ပုံ
***********
1.မျှစ်အစိမ်းကိုခြစ်ပြီးရေတရက်နှင့်တညစိမ်ထားပါ။2.မျှစ်ပျော့လာပါကအိုးတခုတွင်ဆားအနည်းငယ်ထည့်ပြီးပြုတ်ပါ။ဆူပွက်ပါကရေစစ်ထုတ်ပြီးဒုတိယအကြိမ်ပြုတ်ပြီးရေစစ်ထားပါ။❀ဆိုဖီယာတော့မျှစ်စိမ်းအစားမျှစ်ပြုတ်ကိုအသုံးပြုထားပါတယ်။
3.ပြုတ်ထားသောမျှစ်အသင့်ဖြစ်ပါကအိုးတခုတွင်ပြုတ်ထားသောမျှစ်ဂျင်းကြက်သွန်ဖြူနှင့်ရေထည့်ပြီးတည်ပါ။နနွင်းအနည်းငယ်နှင့်ဆီအနည်းငယ်ထည့်ပါ။ ဆားဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ထား ပါ။
4.ဂျင်းကြက်သွန်ဖြူစိမ်းနံ့ပျောက်ပါကဆန်လှော်မှုန့်ထည့်ပါ။
5.ကြက်သွန်နီနှစ်လုံးကိုဆီသပ်ပြီးထည့်ပါ။အရသာ အပေါ့အငံမြည်းပါ။အပျစ်အကျဲလိုသလိုပြုပြင်ပါ။
6.ငါးရံ့ကိုအကွင်းလှီးပြီးအရသာအနည်းငယ်ဖြင့်နယ်ကာဆီပူတွင်ချကြော်ထားပါ။ပူစီနံများများကို သင်ထားပါ။
7.မျှစ်စိမ့်ဆန်လှော်ဟင်းအပျစ်အကျဲအရသာအနေတော်ပါကသုံးဆောင်ခါနီးအချိန်တွင်ပူစီနံရွက်များများခပ်ထည့်ပြီးဆူပွက်အောင်တည်ကာငါးကြော်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive