ရှာဖွေရန်

ထိုင်ဝမ်မုန်ညှင်းရွက်ကြော်


မြန်မာနိုင်ငံမှာ မုန်ညှင်းမျိုးစိတ်အမျိုးမျိုးရှိပါတယ်။ မုန်ညှင်းအချိုနဲ့ အခါးဆိုပြီးတော့လည်း ကွဲပြားပါသေးတယ်။ ဒီနေ့တင်ပြမည့် မုန်ညှင်းကတော့ အရပ်ထဲမှာအလွယ်ခေါ်ကြတဲ့ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ပဲဖြစ်ပါတယ်။သားသတ်လွတ်ဟင်းလျာအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်နော်။ ထိုင်ဝမ်မုန်ညှင်းရွက်ကြော်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • မုန့်ညင်း ၁ စည်း
  • ကြက်သွန်နီ ၁ လုံး
  • ဆီ ဟင်းစားဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်
  • ငရုတ်သီးစိမ်း ၅ တောင့် လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. မုန့်ညင်းအခက်များကို တစ်ဖတ်ချင်းခွာ၍ ရေဖြင့် သေချာစွာ ဆေး၍ လှီးဖြတ်ထားပါ။ အခက်အလက်တွေကြားထဲမှာသဲတွေပါတတ်လို့ပါနော်။
  2. ကြက်သွန်နီကို အခွံခွာ၍ ရေဆေးပြီး ပါးပါလှီးထားပါ။ ငရုတ်သီးစိမ်းများကို နှစ်ခြမ်းခြမ်းထားပါ။
  3. မုန့်ညင်းကြော်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပါ။
  4. ဆီပူလာပါက လှီးထားသော ကြက်သွန်နီများ ထည့်၍ နွမ်းအောင် ကြော်ပါ။
  5. ထို့နောက် မုန့်ညင်းရွက်များ ထည့်ပါ။
  6. ဆား၊ အချိုမှုန့်များ ထည့်ပါ။ အနံ့မွှေးစေရန်အတွက် ငရုတ်သီးစိမ်းများ ထည့်ပါ။

ပြီးနောက် ဟင်းအိုးကို ပိတ်၍ မုန့်ညင်းရွက်ကြော် ပူပူနွေးနွေးကို အရံသင့် စားသုံးနိုင်မည် ဖြစ်ပါသည်။ (အကြံပြုချင်တာတစ်ခုကတော့ အရွက်ကြော်စိမ်းစိမ်းလေး ရချင်တယ်ဆိုရင်တော့ အဖုံးအုပ်ပြီး မကြော်သင့်ပါဘူးနော်)။

မုန်ညှင်းရွက်ကြော်၊ အသား၊ငါးဆီပြန်ဟင်းတစ်ခွက်နဲ့ဆိုရင် တွဲဖက်စားသုံးမယ်ဆိုရင် အင်မတန်လိုက်ဖက်တဲ့ အရွက်ကြော်လေးဖြစ်မှာပါနော်။ ဒါ့အပြင် သားသား၊ မီးမီးတွေကို ကျွေးမယ်ဆိုရင်တော့ အရွက်ကြော်ကျွေးမယ်ဆိုရင်တော့ ငရုတ်သီးစိမ်းမထည့်ဘဲ မုန်ညှင်းရွက်အချိုကြော်လေးကို ကျွေးနိုင်ပါတယ်နော်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive