ရှာဖွေရန်

ကုလားပဲနှပ်


 

ကျမတို့ အညာဒေသဘက်မှာတော့  အချို့သော မင်္ဂလာဆောင်တွေမှာ ဝက်သားဆီပြန်ချက်၊ ရွာကထွက်တဲ့ ကုလားပဲနှပ်နဲ့ ပဲတီစိမ်းကို အပင်ဖောက်ထားတဲ့ ပဲပင်ပေါက်အချဉ်နဲ့ ငရုတ်သီးကြော်၊ မှန်ရောင်ဟင်းချို စသဖြင့် ဧည့်ခံကျွေးမွေးလေ့ရှိပါတယ်။ ထမင်းကျွေးတဲ့ မင်္ဂလာဆောင်ဆိုရင်တော့ ဝက်သားချက်ကလည်း အိုးကြီးချက်ဆိုတော့ ရွာလုံးကျွတ် မီးခိုးတိတ် အားပေးကြတာပေါ့။

အဲ့ဒီမင်္ဂလာဆောင်တွေမှာ ကျွေးတဲ့ ကုလားပဲနှပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ ကုလားပဲကို ပဲကုလားသီးစုံဟင်း၊ ကုလားပဲနဲ့ ကြာဆံဟင်းချိုဆိုပြီးလည်း ချက်လို့ရပါသေးတယ်နော်။

ကုလားပဲနှပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့

  • ကုလားပဲနို့ဆီဘူးတစ်ဝက်
  • ငရုတ်သီးအရောင်တင်မှုန့် မန်ကျည်းစေ့တစ်စေ့ခန့်
  • ဂျင်းလက်တစ်ဆစ်ခန့်
  • ကြက်သွန်ဖြူ(၃)မွှာ( အမွှာကြီး)
  • မဆလာ အနည်းငယ်
  • ဆီ ဟင်းစားဇွန်း (၆)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့်အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။
  •  

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဦးဆုံး ပဲနှပ်မည့် ကုလားပဲကို သဲနှင့် ဖုန်များ အမှိုက်များမပါရှိအောင် ရေဖြင့် (၃)ကြိမ်ခန့် ရေဆေးပေးပါ။
  2. ကုလားပဲပြုတ်ရန်အတွက် အိုးထဲသို့ရေအနည်းငယ်ထည့်ပြီး ကုလားပဲထည့်ပြီး မိနစ်(၂၀)ခန့် နူးအိအောင် ပြုတ်ပါ။
  3. ကုလားပဲများ နူးအိလာပါက ကုလားပဲများကို ပန်းကန်တစ်ခုထဲသို့ ဆယ်ထားပါ။
  4. ဂျင်း၊ ကြက်သွန်ဖြူများ အခွံနွှာပြီး ထောင်းထားပါ။
  5. ကုလားပဲနှပ်ရန်အတွက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီကျက်ပါက  ငရုတ်သီးအရောင်မှုန့်၊ကြက်သွန်ဖြူ၊ဂျင်းတို့ဖြင့် ဆီသတ်ပါ။ ထို့နောက် ပြုတ်ထားသော ကုလားပဲများကို ထည့်ပြီးမွှေပါ။
  6. ဆီပြန်လာလျှင်  ဆား၊ အချိုမှုန့်နှင့် မဆလာအနည်းငယ်တို့ ထည့်ပြီး အရသာမြည်းစမ်းကြည့်၍ အရသာအနေအထားကောင်းမွန်ပါက ကုလားပဲနှပ်ကို စားသုံးနိုင်ပါပြီနော်။

ကဲ ကိုယ့်ရဲ့ ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကို ကုလားပဲနှပ်လေးရယ်၊ ဝက်သားနီချက်/အမဲသားချက် သို့မဟုတ် ကြက်သားဆီပြန်ဟင်းလေးရယ်၊ ပုစွန်ခြောက်ငရုတ်သီးကြော်လေးရယ်၊ သီးစုံချဉ် ရည်ဟင်းလေးတွေချက်ပြီး စားလိုက်ရင်တော့ လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်လို့ စားလို့မြိန်မှာ သေချာ ပါတယ်နော်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive