ရှာဖွေရန်

မန်ကျည်းဖျောသုပ်

 


မန်ကျီးရွက်ကို သာမန်အားဖြင့် ချဉ်ရည်ဟင်းနဲ့ မန်ကျီးရွက်အစိမ်းသုပ်ဆိုပြီး စားသုံးလေ့ရှိကြပါတယ်။ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်တွေမှာ သုပ်စားလေ့ရှိတဲ့ မန်ကျီးဖျောသုပ်နည်းလေးကို ဝေမျှချင်ပါတယ်နော်။ အညာမန်ကျီးဖျောသုပ်လေးက လုပ်ရတာလွယ်ကူပြီး စားသုံးရာမှာလည်း ခံတွင်းရှင်းတာမို့ အကြိုက်တွေ့မှာသေချာပါတယ်နော်။

မန်ကျီးဖျောသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့

  • မန်ကျည်းရွက် ၅ ကျပ်သား
  • ကြက်သွန်နီ ၃ လုံး
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ် ဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. မန်ကျီးရွက်များကို အရိုးရင့်များနဲ့ အရွက်ကြမ်းများဖယ်၍ ရေဆေးပြီးစစ်ထားပါ။
  2. ဒယ်အိုးထဲတွင် ရေကို ပွက်ပွက်ဆူအောင်တည်ထားပါ။ ရေပွက်ပွက်ဆူပါက အဆိုပါအိုးထဲသို့ ရေစစ်ထားသော မန်ကျီးရွက်များကို ထည့်၍ နူးအိသည်အထိ ပြုတ်ပါ။ ထို့နောက် မန်ကျီးရွက်များဆယ်ယူ၍ ရေစစ်ထားပါ။
  3. ကြက်သွန်နီအခွံခွာ၍ ပါးပါးလှီးပါ။ ထို့နောက် ကြက်သွန်နီများ မမွန်စေရန်(မစပ်စေရန်) ရေဖြင့် နယ်၍ ဆေးပြီး ရေစစ်ထားပါ။
  4. မန်ကျည်းရွက်ဖျော သုပ်မည့် ပန်းကန်ထဲသို့ ရေစစ်ထားသော မန်ကျီးရွက်နှင့် ကြက်သွန်နီများ ထည့်ပါ။ ထို့နောက် ဆား၊ အချိုမှုန့်များ ထည့်၍ မန်ကျည်းရွက်နှင့် ကြက်သွန်နီများ သမသွားစေရန် ပွတ်ချေ၍ နယ်ပေးပါ။
  5. ဆီရွှဲရွဲဆမ်းပြီးပါက အညာမန်ကျည်းရွက်ဖျောသုပ်ကို စားသုံးနိုင်မည်ဖြစ်ပါသည်။

အညာမန်ကျီးဖျောသုပ်ကို အညာဒေသကထွက်တဲ့ ရွှေသမင်ခရမ်းသီးနှပ်နဲ့ ပဲလှော်ကြော်နဲ့ ပဲလွန်းရွက်ဟင်းချိုလေးနဲ့ တွဲဖက်စားသုံးရင် အင်မတန်လိုက်ဖက်ညီပြီး စားလို့မြိန်စေတဲ့ ဟင်းတစ်ခွက်ဖြစ်မှာပါနော်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive