ရှာဖွေရန်

ငှက်ပျောသာကူပေါင်း

 

Banana Pudding With Sago
ငှက်ပျောပေါင်းကိုမြန်မာအချိုပွဲတခုအနေဖြင့်သတ်မှန်ကြသလိုမလေးရှားထိုင်းနိုင်ငံနှင့်အခြားအရှေ့တောင်အာရှနိုင်ငံတွေမှာလည်းပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ငှက်ပျောပေါင်းသီးသန့်ပြုလုပ်နိုင်သလိုသာကူစေ့အနည်းငယ်ဖြင့်ရောပြီးသာကူငှက်ပျောပေါင်းလည်းပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
ရခိုင်ငှက်ပျောသီးမှည့်- ၁၅ လုံး
သကြား - ၅၀ ဂရမ်
ဆား -အနည်းငယ်
ဆွမ်းမွေးရွက် -နှစ်ပင် (optional)
နွားနို့ - ၈၀၀ ml
အုန်းနို့ - ၂၀၀ ml
သာကူစေ့ - ၃ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရခိုင်ငှက်ပျောသီးမှည့်ကိုအလုံးလိုက်ရေဆေးပြီးအိုးတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ရေမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်၁၅မိနစ်ခန့်ဆူပွက်အောင်တည်ပါ။
(အချို့သူများကအဖန်ဓာတ်ထွက်ရန်ကင်ပွန်းချဉ်မန်ကျည်းရွက်တို့ကိုထည့်ပြုတ်လေ့ရှိပါတယ်။)
(၂)ပြီးလျှင်ဆယ်ယူပြီးအခွံသင်ကာအိုးသန့်သန့်တခုတွင်ထည့်ပါ။
(၃)နွားနို့အုန်းနို့သကြားနှင့်ဆွမ်းမွေးရွက်ထည့်ပြီးမီးအေးအေးဖြင့်ဆူပွက်အောင်တည်ပါ။
(၄)ခမ်းသွားပါကရေအနည်းငယ်ဆီထည့်ပေးပြီး ငှက်ပျောသီးနီရောင်သမ်းလာသည်ထိတည်ပေးပါ။
(၅)အဖြူရောင်သုံးဆောင်လိုပါကနို့အနည်းငယ်ပျစ်ပြီးငှက်ပျောသီးအိလာသည်နှင့်မီးဖိုမှချကာတည်ခင်းနိုင်ပါပြီ။
(၆)လိုချင်သောအရောင်ရပါကသာကူစေ့ကိုရေဆေးပြီးရေနွေးပွက်ပွက်ဆူတွင်အဆံပျောက်ခါနီးထိပြုတ်ပြီးရေဆေးရေစစ်ကာငှက်ပျောပေါင်းထဲထည့်ပါ။သာကူစေ့များသမအောင်ပြုလုပ်ပြီးအပူဖြစ်စေအအေးဖြစ်စေတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဆွမ်းမွေးရွက်မှာအနံ့မွေးရန်အတွက်ထည့်ခြင်းဖြစ်၍အလွယ်တကူမရနိုင်ပါကမထည့်ဘဲပြုလုပ်နိုင်ပါတယ်။
❀ငှက်ပျောပေါင်းပြုလုပ်ရန်ရခိုင်ငှက်သီး မှာအကောင်းဆုံးဖြစ်ပြီးဖီးကြမ်းငှက်ပျောသီးဖြင့်လည်းပြုလုပ်နိုင်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive