ရှာဖွေရန်

ခရမ်းချဉ်သီးယို


 Tomato Jam
ခရမ်းချဉ်သီးပေါချိန်တွေမှာပြုလုပ်ပြီးအ ချိုပွဲအဖြစ်တည်ခင်းနိုင်သလိုမနက်ခင်းစာအတွက်ပေါင်မုန့်ဖြင့်လည်းတွဲဖက်သုံးဆောင်နိုင်မဲ့ခရမ်းချဉ်သီးယိုဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး(အမာသီး)-တစ်ကီလို
ကြံသကာ - ၂၅၀ ဂရမ်
ထုံးရည်ကြည် - တလီတာ
(ထုံးလ္ဘက်စားဇွန်းတဇွန်းရေတလီတာ)
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ခရမ်းချဉ်သီးအသားထူပြီးမာသော အသီးကိုအစေ့ထုတ်ထားပါ။
(၂)ထုံးရည်ဖျော်ထားသည်ကိုအပေါ်ရည်ကြည်စစ်ယူပြီးအစေ့ထုတ်ထားသောခရမ်းချဉ်သီးများမြုတ်အောင်တညစိမ်ထားပါ။
(၃)မကြာမကြာအထက်အောက်လှန်ပေးပါ။
(၄)တညစိမ်ထားသောခရမ်းချဉ်သီးကိုဆယ်ယူရေဆေးသန့်စင်ကာရေစစ်ထားပါ။
(၅)ရေစစ်သွားပါကဇကာတခုတွင်ဖြန့်ထည့်ပြီးနေပူပူတွင်တနေလှန်းပါ။
(၆)အနည်းငယ်ဖန့်သွားပါကအိုးတခုတွင်ကြံသကာကိုရေ၃ဇွန့်ခန့်ထည့်ပြီးအပူပေး ကာပျော်အောင်ပြုလုပ်ပါ။
(၇)ကြံသကာပျော်သွားပါကနေပြပြီး သားခရမ်းချဉ်သီးတို့ကိုထည့်ပြီးမွေပါ။
(၈)ကြံသကာရည်ခြောက်လာပါက မီးဖို မှချကာအအေးခံပြီးသန့်ရှင်းသောဘူးပု လင်းတို့ဖြင့်ထည့်ပြီးသိမ်းဆည်းသုံးေ ဆာင်နိုင်ပါပြီ။
❀ထုံးရည်စိမ်ခြင်းဖြင့်မာဆပ်ဆပ်ခရမ်းချဉ်သီးယိုကိုရရှိမှာဖြစ်ပါတယ်။
❀ထုံးရည်မစိမ်ဘဲခရမ်းချဉ်သီးယိုအကြေကိုကြိတ်ပြီးလည်းပြုလုပ်နိုင်ပါတယ်

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive