ရှာဖွေရန်

ကြက်သားစင်းကောသုပ်

 

Thai Style Mince Chicken Salad
ယိုးဒယားစင်းကောသုပ်လေးကိုအဆာပြေဘဲစားစားဟင်းတခွက်အဖြစ်ဘဲလုပ်စားစားစားရတာအဆင်ပြေလှတဲ့အနံ့အရသာနဲ့ပြည့်စုံသောအသုပ်လေးဘဲဖြစ်ပါတယ်။ကြက်သားအစားနှစ်သက်ရာအ သားဖြင့်ပြောင်းပြီးသုပ်နိုင်ပါတယ်။သုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကြက်သား - ၂၀၀  ဂရမ်  ( နှစ်သက်ရာအသား )
ၾကက္သြန္နီ - တစ္လံုး
ကြက်သွန်မိတ် - ၃ပင်
ပူစီနံ - လက်တဆုပ်
ရှောက်ခါးရွက် - တစ်ရွက်
စပါးလင် - တစ်ချောင်း
ငရုပ်သီး အလှော်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - တစ် ဇွန်း
သံပုရာရည် - တစ်ဇွန်း
ဆန်လှော်မှုန့်  - တစ်ဇွန်း
အချိုမှုန့် သို့ ဟင်းခပ်မှုန့် - လ႓က်ဇွန်း တစ်ဇွန်း
ကြက်ပြုတ်ရည်သို့ ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
*************
1.ဦးစွာအသားကိုကြိတ်ပါသို့မဟုတ်ညက်အောင်စင်းထားပါ။
2.စင်းထားသောအသားကိုလက်ကိုင်အိုးတခုတွင်ထည့်ပြီးရေအနည်းငယ်ဖြင့်မီးဖိုပေါ်တွင်အပူပေးပါ။အခဲများမဖြစ်အောင်မွေပေးပါ။ဆူပွက်ပြီးအသားကျက်ပါကမီးဖိုမှချထားပါ။
3.ကြက်သွန်နီပါးပါးစိတ်၊ကြက်သွန်မိတ်၊ပူစီနံ၊စပါးလင်နုနုရှောက်ရွက်တို့ကိုသေးသေးစိတ်ပြီးကြက်သားစင်းကောပြုတ်ထားသောအိုးထည်းသို့ရောထည့်ပါ။
4.ငံပြာရည်အချိုမှုန့်သံပုရာရည်တို့ဖြင့်အရသာဖြည့်စွက်ပြီးဆန်လှော်မှုန့်၊ငရုပ်သီးမှုန့်၊ထည့်ကာသမေ အာင်မွေပေးပါ။အရသာအပေါ့အငံမြည်းပြီးချဉ်ငံစပ်အသားစင်းကောသုတ်လေးကိုပန်းကန်တွင်တည်ခင်းပြီးပူစီနံအနည်းငယ်ဖြင့်အလှဆင်ကာသုံးဆောင်နိုင်ပါပြီ။5.တွဲဖက်အနေဖြင့်ဆလပ်ရွက်ကောက်ညင်းပေါင်းတို့ဖြင့်လည်းတည်ခင်းသုံးဆောင်လေ့ရှိကြပါတယ်။
❀ဆန်လှော်မှုန့်မှာဆန်(သို့)ကောက်ညင်းဆန်ကိုစပါးလင်ရှောက်ရွက်သေးသေးစိတ်ဖြင့်အရောင်ရအောင်ရောလှော်ပြီးခပ်ကြမ်းကြမ်းအနေထားကြိတ်ထားခြင်းဖြစ်ပါတယ်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive