ရှာဖွေရန်

ကြက်သားလုံးဟင်း (စူကြည်း)


 စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှိပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာထူးတဲ့ကြက်သားဟင်းလေးကိုချက်စားကြည့်ကြရအောင်နော်။
ကြက်သားလုံးပြုလုပ်ရန်လိုပါဝင်ပစ္စည်း
****************************
ကြက်သား - ၃၀၀ ဂရမ်
ဂျုံ -၂၅၀ ဂရမ်
ကြက်ဥ- ငါးလုံး
ပြင်ဆင်ပြုလုပ်ပုံ
*************
1.ကြက်သားကိုအနေတော်အတုံးတုံးထားပါ ။
2.ပန်းကန်တခုတွင်ဂျုံကိုကြက်ဥဖြင့်ဖျော်ပါ။ရေမပါ၍စေးပျစ်နေပါမယ် ။ 3.ဖျော်ပြီးသားမုန့်နှစ်ထည်းသို့ကြက်သားတုံးနှစ်ပြီးဆီပူတွင်အရောင်ရသည်ထိချကြော်ကာဆီစစ်ထားပါ။
ဟင်းချက်ရန်လိုအပ်သောပစ္စည်း
***********************
ကြက်သားလုံးကြော်
ကြက်သွန်နီ - အလုံးကြီး ၂လုံး (အမြောင်းကြီးကြီးလှီးပါ)
ကြက်သွန်ဖြူ  - ၁၅ မြောင်း
ဂျင်း - တတက် (အမျှင်လှီးထားပါ)
ရှောက်ကော - ၂လုံး (တရုပ်မဆလာ)
ကြက်ပြုတ်ရည်/ရိုးရိုးရေ - လိုသလောက်
ဆီ -အနည်းငယ်
ကြက်သွန်မိတ် -ဖြူးရန်
ပြင်ဆင်ချက်ပြုတ်ပုံ
***************
1.ဦးစွာပထမမိမိချက်မည့်အိုးတွင်ဆီထည့်ပြီးကြက်သွန်အမြောင်းကြီးနှင့်ကြက်သွန်ဖြူအမြောင်းလိုက်တို့ကိုချကြော်ပါ။
နီရောင်သမ်းပါကဆယ်ထုတ်ထားပါ ။ 2.လက်ကျန်ဆီတွင်ဂျင်းလှီးပြီးသားနှင့်ရှောက်ကောကိုထုပြီးဆီသပ်ပါ။3.ကြက်သားလုံးများကိုထည့်ပါ ။ ကြက်ပြုတ်ရည်(ရိုးရိုးရည်)ကြက်သားလုံးမြုပ်အောင်ထည့်ပါ။
4.ဆားနှင့်ဟင်းခပ်မှုန့်ထည့်ပြီးဆူပွက်အောင်တည်ပါ။
5.ဆူပွက်လာပါကကြက်သွန်နီဖြူကြော်ထားသည်များကိုရောထည့်ပြီးမီးကိုအသေးဆုံးထိလျော့ချကာကြက်သားလုံးများနူးအိလာအောင်တည်ပေးပါ ။
❀❀တည်ထားစဉ်ယောက်မဖြင့်မွေခြင်းကိုဂရုပြုပါ ။
❀❀အသားလုံးပုံစံမပျက်အောင်ခဏခဏမမွေဘဲအိုးစောင်းလှုပ်ပေးရုံသာမွေပေးပါ။
❀❀ဂျုံနဲ့ကြက်ဥဖျော်ပြီးကြော်ထားသော ကြက်သားလုံးမှာမာကျစ်နေ၍မီးအေးအေးဖြင့်အကြာကြီးတည်ရပါ့မယ်။
❀❀မီးပြင်းပါကကြက်သားလုံးကွဲ၍ပွင့်သွားပြီးဟင်းပွဲမလှဖြစ်တတ်ပါတယ်။6.လိုအပ်ပါကရေထပ်ထည့်ပေးပါ။ ကြက်သားတုံးအိမအိကိုတူလေးဖြင့်ထိုးကြည့်ပါ။7.နူးအိပါကမီးဖိုမှချကာပန်းကန်တွင်ကြက်သားတုံးနှင့်ဟင်းရည်ကိုမျှအောင်ထည့်ပြီးကြက်သွန်မိတ်ဖြူးကာသုံးဆောင်နိုင်ပါပြီ ။

 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive