ရှာဖွေရန်

ချဉ်ငန်စပ် ရှူးရှူးရှဲရှဲ အပ်မှိုသုပ်လေး

 


မိုးအုံ့အုံ့‌လေးမှာ ရှူးရှူးရှဲရှဲနဲ့ ချွေးပြန်သွားစေမယ့်အစားအစာအစာလေးတွေစားသင့်တယ်နော်။ ဒါ့ကြောင့် အိမ်မှာဘဲ သုပ်စားလို့လွယ်တဲ့ ချဉ်ငန်စပ်ရှူးရှဲ အပ်မှိုသုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အပ်မှို ၁ထုပ်
  • ထန်းလျှက် ၁ခဲ
  • ငရုပ်သီးစိမ်း ၇တောင့်
  • ကြက်သွန်ဖြူ ၅မွှာ
  • မုန်လာဥနီသေးသေး ၁လုံး
  • သံပုရာသီး ၂လုံး
  • ပုစွန်ခြောက်မှုန့် အနည်းငယ်
  • ကြက်သားမှုန့် အနည်းငယ်
  • ငံပြာရည်အချို 3ဇွန်း
  • ခရမ်းချဉ်သီး၁လုံး

ပြုလုပ်နည်:

အပ်မှိုကို ရေစင်စင်ဆေးပီး ဆားအနည်းငယ်ထည့်ပြုတ်ပါ။ ငရုပ်သီးစိမ်း/ထန်းလျှက်/ကြက်သွန်ဖြူကိုထောင်းထားပါ။ ခရမ်းချဉ်သီးကို ရှစ်စိတ်ခွဲထားပါ။ ပြီးလျှင် အပ်မှိုကို ‌ဆယ်ယူ ပြီး ရေစစ်ထားပါ။ နောက်ဆုံးတွင် ထောင်းထားသော ကြက်သွန်ဖြူ/ငရုပ်သီး /ထန်းလျှက် ပုစွန်ခြောက်မှုန့် တို့ကိုထည့်ပါ။မုန်လာဥနီကို အခွံခွာပြီး ခြစ်ထည့်ပါ။ သံပုရာရည်လေးညှစ်ပါ။ ပြီးလျှင် အားလုံးကိုရောနယ်ပါ။ ပဲထောင့်ရှည်သီးနှင့် သင်္ဘောသီးကိုလဲ ကြိုက်လျှင်ထည့်နိုင်ပါသည်။
Share:

၃၀၀၀ ကျပ် တည်းနဲ့ ဖက်ထုပ်အဝ လုပ်စားမယ်။

 

         

            ဖက်ထုပ်ပြုတ်ဆိုတာ လူကြိုက်များတဲ့ တရုတ် အစားအစာတစ်မျိုးပါ။ လုပ်ရတာ လွယ်ကူသလို စားလို့လည်းတကယ်ကောင်းပါတယ်။ ဆိုင်မှာစားရင် စားလို့ကလည်း မဝသေး၊ ပိုက်ဆံ ကုန်မှာလည်း စိုးတဲ့ သူတွေအတွက် အိမ်မှာ ၃၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖက်ထုပ်ပြုတ်အဝ လုပ်စားကြည့်ရအောင်။

 

ပါဝင်ပစ္စည်း နှင့် ကုန်ကျစရိတ်

ဖက်ထုပ်ရွက် ၂ ထုပ်- ၈၀၀ ကျပ် (၄၀၀ကျပ် x ၂)
(တစ်ထုတ်မှာ အခု ၂၀ ခန့်ပါပြီး စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။)
ကြက်သား ၂၀၀ ဂရမ် – ၁၅၀၀ ကျပ်
ကြက်ဥတစ်လုံး – ၁၅၀ ကျပ်
ကုဆိုင် ၁ စည်း – ၃၀၀ ကျပ်
ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ – ၁၀၀၀ကျပ်
ရေ

ပြုလုပ်နည်း

          ကြက်သားကို နှုတ်နှုတ်စင်းထားပြီး ကြက်သားမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် ၄ ဇွန်းခန့် နဲ့ ရောနယ်ပါ။ ပြီးရင်တော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကုဆိုင်ကို ရောနယ်ပါ။ ဖက်ထုပ်ရွက်လေးတွေပေါ်မှာ နယ်ထားတဲ့ အသားကို ထည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်ရွက်ကို တြိဂံ ပုံစံခေါက်ပြီး ဘေးနှစ်ဖက်က ဖက်ထုပ်ရွက်ကိုလိမ်ပြီး ခေါက်ထည့်လိုက်ပါ။ အိုးတစ်လုံးထဲသို့ ရေနဲ့ ကြက်သွန်ဖြူ ကို ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင်တော့ လိပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ၅ မိနစ်ခန့်ထည့်ပြုတ်ပါ။

        ဖက်ထုပ်တွေ ကျက်ပြီဆိုရင်တော့ ပုဂံလုံးထဲ ထည့်ကာ ငရုတ်ကောင်းမှုန့်၊ ဟုဆိုင်အနည်းငယ် ခတ်ကာ သုံးဆောင်နိုင်ပါပြီ။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီး အနည်းငယ်ညှပ်၊ သံပုရာသီးလေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

 

 

Share:

ရှမ်းခေါက်ဆွဲ ချက်ပြုတ်ပြင်ဆင်နည်း အကြောင်းသိကောင်းစရာ။


 

       ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရ ဆွဲဆောင်မှုရှိ လှသော နေရာ တစ်ခုဖြစ်ပါသည်။  ထင်ရှားလှသော ရှမ်းရိုးရာ အစားအစာများ နှင့် လှပလှသော အင်းလေးကန်ကြောင့် အထူး ကျော်ကြားလှပါသည်။ အင်းလေးကန်ရှိ ရေပေါ် စိုက်ခင်း များမှာလည်း တစ်မူထူးခြားလှပြီး မြင်တွေ့ရခဲသော ခြေထောက် တစ်ဖက်တည်းကိုသာ အသုံးပြုပြီး လှေလှော်ခတ်သူများကို လည်း ရှမ်းပြည် နယ်တွင် သာ တွေ့ရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် ရိုးရာ အစားအစာမြောက်မြားစွာ ရှိုပြီး ရှမ်းထမင်းချဉ်၊ မြီးရှည်၊ ရှမ်းတို့ပူး နှင့် ရှမ်းခေါက်ဆွဲတို့မှာ အထူးကျော်ကြားသော အစားအစာများ ဖြစ်ကြသည်။

ရှမ်းခေါက်ဆွဲသည် ရှမ်းလူမျိုးတို့၏ ရိုးရာ အစားအစာ ဖြစ်ပါသည်။ ရှမ်းခေါက်ဆွဲသည် ဆန်ခေါက်ဆွဲနှင့် ဝက်သား(သို့မဟုတ်) ကြက်သား ဖြင့်ရိုး ရှင်းစွာ ပြုလုပ်စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် လူကြိုက်များလှသော အစားအစာ တစ်ခုဖြစ်ပြီး ထင်ရှားကျော်ကြားလှပြီး နေ့လည်စာ အဖြစ်လည်းကောင်း၊ ညစာ အဖြစ်လည်းကောင်း ၊ အဆာပြေစားသုံးစရာ အဖြစ်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ရှမ်းခေါက်ဆွဲကို ချက်ပြုတ်ရာတွင်လည်း ဒေသအလိုက် ချက်ပြုတ်နည်းများ အမျိုးမျိုး ကွာခြားလှပါသည်။ ရှမ်းခေါက်ဆွဲကို စားသုံးရာတွင် မုန်ညှင်း ချဉ်နှင့်တွဲဖက်ကာ ရှမ်းခေါက်ဆွဲ အရည်နှင့် ရှမ်းခေါက်ဆွဲသုပ် ဟူ ၍ စတိုင် (၂)မျိုးဖြင့် စားသုံးနိုင်ပါသည်။ အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲကိုအိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လို ပြုလုပ်စားသုံးနိုင်မလဲ။ ရှမ်းခေါက်ဆွဲ ကြိုက်နှစ်သက်သူများအတွက် လွယ်လွယ်ကူကူ ချက်ပြုတ် စားသောက်နိုင်မဲ့ ရှမ်းခေါက်ဆွဲ ချက်နည်းလေးကို ပြောပြပေးပါမည်။ ပြုလုုပ်ရလွယ်ကူတဲ့ ရှမ်းခေါက်ဆွဲ လေးကို အတူတူ ပြင်ဆင်ကြည့်လိုက်ရအောင်။ မိမိနှစ်သက်ရာ ဝက်သား(သို့မဟုတ်) ကြက်သားကိုအသုံးပြုနိုင်ပါသည်။  အခုပဲ စတင်ပြီး ချက်ကြည့် လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • နှုတ်နှုတ်စင်း ထားသော ၂၀၀ ဂရမ် ကြက်သား (သို့မဟုတ်) ဝက်သား။
  • ရှမ်းခေါက်ဆွဲခြောက် ၁ ထုပ်။
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ။)
  • ထောင်းထားသော ဂျင်အနည်းငယ်။
  • ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်။
  • ခရမ်းချဉ်သီး ၄ လုံး။
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ပဲပုပ်အနှစ် လက်ဖက်ရည်ဇွန်း  ၂ ဇွန်းခန့်။
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • မြေပဲမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်။
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။

-ခရမ်းချဉ်သီး အချို့ကို ရေတစ်ခွက်ခန့်ထည်ကာ ဆားအနည်းငယ်ထည့်ကာခရမ်းချဉ်သီး အခွံများ ရှုံ့တွ လာသည်အထိ မိနစ်အနည်းငယ်ခန့် ပြုတ်ပါ။  ထို့နောက် ခရမ်းချဉ်သီးများကို ဆယ်ယူကာ အအေးခံထားပါ။

-အအေးခံထားစဉ် အတွင်း ကြက်သားကို နှုတ်နှုတ်စင်းထားပါ။ ထို့နောက် ပဲငပိဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ဆား နှင့် သကြားအနည်းငယ်ကို ကြက်သားတွင် နယ်ကာ အရသာသွင်းပါ။

-ခရမ်းချဉ်သီးများအေးလာပြီဆိုလျှင် အခွံများကို ခွာပါ။ ခရမ်း ချဉ်သီးများကို အစေ့ဖယ်ထုတ်ကာ နှုတ်နှုတ်စင်းထားပါ။

-ရှမ်းခေါက်ဆွဲခြောက်(သို့မဟုတ်) ဆန်ခေါက်ဆွဲခြောက်ကို ပျော့ပျောင်းနူးညံ့ လာသည်အထိ ပြုတ်ထားပါ။ ထို့နောက် ပန်းကန်ထဲတွင် ထည့်ထားပါ။

-ဒယ်အိုးတွင် ဆီထည့်ကာ ဆီပူလာအောင် ပြုလုပ်ပါ။ ဆီပူလာလျှင် ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်များကို  အနံ့များမွှေးကြိုင်လာသည်အထိ ထားပါ။ ထို့နောက် နှုတ်နှုတ်စင်းထားသော အသားများကို ကျက်သည်အထိ ချက်ပြုတ်ကာ နှုတ်နှုတ်စင်းထားသော ပဲငပိ အနှစ်၊ ၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်တို့ကို ရော ထည့်ကာခရမ်းချဉ်သီးအဖက်လေးများ လိပ်လာပြီးဆီပြန်လာသည်အထိ အနှစ်ပုံစံ ရရှိလာအောင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အထိထားကာ ချက်ပြုတ်ပါ။ ချက်ပြုတ်နေစဉ် အတွင်း ဟင်းအနှစ် သည် အလွန် ခြောက်ကပ်နေလျှင် ရေ အနည်းငယ်ထည့်ကာ ချက်ပြုတ်ပေးပါ။  ဆီပြန်ပြီး အနှစ်ရလာပြီဆိုလျှင် အိုးကိုချနိုင်ပါပြီ။

-ပန်းကန်ပြားထဲရှိ ပြုတ်ထားပြီးသားသော ဆန်ခေါက်ဆွဲများကို ရှမ်းခေါက်ဆွဲ စားသုံးမည့် ပန်းကန်လုံးထဲသို့ထည့်ပါ။ ထို့နောက် မြေပဲမှုန့်၊ ပဲငံပြာရည် အရည်၊ ကြက်သား ဟင်းအနှစ်တို့ကို ထည့်ကာ ရောမွေပြီး စားသုံးနိုင်ပါပြီ။ ရှမ်းခေါက်ဆွဲ အရည် ကြိုက်နှစ်သက်သူများအတွက် ကြက်ပြုတ်ရည်ကို ဆမ်းကာ စားသုံးနိုင်ပါသည်။ ရှမ်းခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ဝက်ခေါက်ကြော်တို့ဖြင့် တွဲဖက် စားသုံးနို်င်ပါသည်။

-အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ 

Share:

ငါးသလောက်ပေါင်းနည်း

 

        အိမ်ရှင်မများဟာ နေ့တိုင်းနေ့တိုင်း ကိုယ့်မိသားစုအတွက် အကောင်းဆုံးသော ဟင်းလျာများကို ချက်ပေးပြီး ပျော်ရွှင်မှုကို ဖန်တီးနေပေးကြတာဟာ အမှန်တရားပါပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ မွေးလာစတည်းက ပညာစုံမတတ်ပါဘူး။ အိမ်ရှင်မများဟာလည်း ဟင်းချက်တဲ့အနုပညာကို အမြဲသင်ယူနေကြသူတွေပါ။ မိခင်စိတ်ရဲ့ စေတနာဟာ ကြီးမားတဲ့အတွက် မိသားစုအတွက် သင်ယူဖို့ အသင့်ဖြစ်နေကြသူတွေပါ။ ယနေ့မှာတော့ အကောင်းစားဟင်းလျာတစ်ခွက်လို့ ခေါ်နိုင်တဲ့ ငါးသလောက်ပေါင်းနည်းကို ဖော်ပြပေးသွားမှာပါ။ အချိူ့အိမ်ရှင်မတွေ အတွက် ခက်ခဲသောဟင်းတစ်ခွက် မဖြစ်ရလေအောင် ဆက်လက်ဖတ်ရှူစေလိုပါတယ်။ ‌ဖတ်ရ‌တာအဆင်ပြေအောင် အဆင့်ဆင့်ခွဲ ရေးပေးထားပါတယ်နော်။

 

ပြုလုပ်နည်း

 

၁။ငါးသလောက်အားဆေးကြောသန့်စင်ပါ။

၂။ထို့နောက် ဗီနီကာ၊ ဆား နှင့် နနွင်း တို့ကို လိုသလောက်မှန်းဆထည့်ကာ နယ်ပါ။

၃။ သံပုရာသီးကို ငါးအချိန်အဆပေါ်မူတည်ကာ ညှစ်ထည့်ပြီး နှစ်နာရီကြာနှပ်ထားပါ။ အရိုးများပါပျော့စေရန် ဖြစ်ပါတယ်။

၄။ ကြက်သွန်နီ၊ ဂျင်း နှင့် ကြက်သွန်ဖြူ တို့ကိုထောင်းထားပါ။

၅။ ဆီလိုသလောက်ထည့်၍ ဆီပူလာလျှင် နနွင်းမှုန့်ထည့်ကာ ဆီသတ်ပါ။

၆။ ကြက်သွန်နီ၊ဂျင်း နှင့် ကြက်သွန်ဖြူထောင်းပြီးသား အနစ်ဖြင့် ဆက်လက်ဆီသတ်ပါ။

၇။ ကြက်သွန်နံ့မွှေးလာတဲ့အထိ ဆီသတ်ပါ။

၈။ ထို့နောက်နှပ်ထားသော ငါးအသားတုံးများအား ထည့်ကာ အနည်းငယ်နှံ့အောင် လှိမ့်ပြီးပါက ရေများများထည့်ကာ    အဖုံးသာအုပ်ထားလိုက်ပါ။

၉။ အဖုံးလုံစေဖို့လည်းသတိပြုပါ။

၁၀။ ရေခမ်းတိုင်း ပြန်ပြန်ဖြည့်ကာ လေးနာရီကျော်ကြာအထိ ပြုတ်ထားပါ။

၁၁။ ငါးအသားတုံးအား လက်နှင့်ဖိကြည့်ကာ အရိုးပျော့မပျော့စမ်းပါ

၁၂။ အရိုးများပျော့သည်အထိ ရေခမ်းတိုင်းထပ်လောင်းဖြည့်ကာ ပြုတ်ပါ။

၁၃။ အရိုးများပျော့ပါက ခရမ်းချဉ်သီး နှင့် ကရဝေးရွက်တို့ထည့်ကာ ဟင်းအနှစ်ထွက်သည်အထိ ချက်ပါ။

၁၄။ ဖြေးညင်းစွာ ယောင်းမနှင့် မွှေမှသာ အသားတွေ မကျေမှာမို့ သတိထားပါ။

၁၅။ ဆီပြန်လျင် အောင်မြင်စွာပြီးဆုံးပါပြီ။

ကဲ…..ခက်သလား။ အိမ်ရှင်မ‌တို့ရေ။ မီးအလျော့အတင်းလေးပဲသတိပြုရုံပါ။ပေါင်းအိုးမရှိလည်း ရိုးရိုးအိုးအသုံးပြုလည်း အဆင်ပြေပါတယ်။ အိမ်ရှင်မတို့အားလုံးကို လေးစားစွာအလေးပြုပြီး အကောင်းဆုံးစားဖိုမှူးတွေ ဖြစ်ကြပါစေ ဆုတောင်းရင် ဒီမှာပဲ ခနလေးရပ်နားပါရစေ။ပြန်ဆုံမယ်နော်။

 

Share:

မုန့်လက်ကောက်၊နှမ်းကပ်ကြော်နဲ့ ပဲကပ်ကြော်

 


ပါဝင်ပစ္စည်းများ

၁. ကောက်ညှင်းမှုန့် ငါးဆယ်သား

( အနည်းဆုံးတစ်မျိူးစီကိုငါးခုလောက်ရပါတယ်)

၂. ထန်းလျက်အညို တစ်ဆယ်သား

၃. နှမ်း နှင့် ကုလားပဲ တစ်ဆယ်သားစီ

၄. ပဲဆီသန့် ငါးဆယ်သား ( ကျန်းမာရေးအရ ပဲဆီသန့်သာသင့်တော်ပါတယ်)။

 

ပြုလုပ်နည်း

ဒီသုံးမျိူးက တစ်ပြိုင်နက်တည်း လုပ်လို့ရတဲ့ မုန့်တွေပါ။  အရင်ဆုံးဆန်မှုန့် ငါးဆယ်သားကို ရေ တစ်လီတာထည့််ပြီး မပျော့မမာအနေအထားအထိ ရေလိုအပ်သလောက်ထည့်ပြီးခနနှပ်ထားပေးပါ။ ဆီကိုအိုးထဲထည့်ပြီး ဆီပူလာတဲ့အထိစောင့်ပါ။ ဆီဆူတာနဲ့ နယ်ထားတဲ့ဆန်မှုန့် ကိုလက်တစ်ဆုတ်စာ ယူပြီး လက်ကောက်ပုံပြုလုပ်ပြီး ကြော်ပါရှင်။ နောက်လက်တစ်ဆုတ်စာယူပြီးအပြား ပုံစံလုပ်ပြီး နှမ်းစေ့လေးများကပ်ပြီး ကြော်ပါ။ ပဲကပ်ကြော်အားလည်း ထိုနည်၎င်း  ပြုလုပ်ပါ။ ကြော်ပြီး အနည်းငယ်ရဲလာပါကဆယ်ပါ။ ထန်းလျက်ကိုရေ အနည်းငယ်နှင့် ကြိုပါ ။ မုန့်လက်ကောက်နှင့် နှမ်းကပ်ကြော်ကို ထန်းလျက်ရည်နဲ့စားသုံးနိုင််ပြီး ပဲကပ်ကြော်ကိုတော့ သူ့အတိုင်းလေးစားသုံးနိင်ပါတယ်ရှင်။ကဲ အရမ်းလွယ်ပြီး ဗိုက်လည်းမြန်မြန်တင်းစေပါတယ်။

 

Share:

ငှက်ပျောပေါင်း

 

 

 

သိပ်ပြီး ပါဝင်ပစ္စည်းမပါပါဖူး။  အဓိကကတော့ အချိူပွဲ အတွက် အရမ်းသင့်တော်ပါတယ် ။ ပါဝင်ပစ္စည်းတွေကတော့

၁. ရခိုင်ငှက်ပျောသီး ဆယ်လုံး

၂. အုန်းနို့ ဗူးကြီး တစ်ဗူး( City Mart မှာဝယ်လို့ရပါတယ်)

၃. သကြားနှစ်ဆယ်သား။

 

ပြုလုပ်နည်း

အရမ်းလွယ်ကူပါတယ် ။အုန်းနို့ကိုကြိုပါ။ အုန်းနို့ဆူလာပြီဆိုလျှင် ငှက်ပျောသီးကို အခွံနွှာပြီး သကြားနှင့်အတူရောထည့်ပြီးပြုတ်ပါ ။ အိုးကို  အဖုံးဖုံးထားဖိုု့ မမေ့ပါနှင့်။ ငှက်ပျောသီးများပန််းရောင် သန်းလာပါက စားသုံးရန် အသင့်ဖြစ်ပါပြီ။ ထမင်းစားပြီး အချိူအီအီလေးတည်းလို့ရတာပေါ့နော်။

 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu