ရှာဖွေရန်

ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်း

 ဆိတ်သားစားချင်သော်လည်း ညှီနံ့ကြောက်လို့ ချက်မစားဖြစ်ကြတဲ့သူတွေအနေနဲ့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို မီးကင်စားလို့ရတယ်၊ ကြော်စားလို့ရတယ်။ ဒါ့အပြင် ဟင်းအနှစ်နဲ့ချက်စားလို့ ရပါသေးတယ်နော်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Ready Made ပြုလုပ်ထားတဲ့ ဆိတ်သားခြောက်ကို ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်စားလို့ရကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။


 

ပါဝင်ပစ္စည်းများ

  • ဆိတ်သားခြောက် ၈ ချောင်းခန့်
  • ခရမ်းချဉ်သီး ၅ လုံး
  • ကြက်သွန်နီအလုံးကြီး ၃လုံး
  • ဗမာကြက်သွန်ဖြူ ၅မွှာ
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ၅ ကျပ်သား
  • ဆား အနည်းငယ်
  • အချိုမှုန့်  သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  1. ဆိတ်သားခြောက်ကို အတုံးငယ်လေးများ ဖြစ်အောင် ပါးပါးလှီးထားပြီး ရေဆေးထားပါ။
  2. ခရမ်းချဉ်သီးကို ရေဆေး၍ လှီးထားပါ။ ဟင်းချက်တဲ့နေရာမှာ ဗမာခရမ်းချဉ်သီးနဲ့ချက်ရင် နူးအိလွယ်ပြီး သဘာဝအချဉ်ဓာတ်ကို ပိုမိုရရှိတဲ့အတွက် အအီပြေပါတယ်။
  3. ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာ၍ ငရုတ်ဆုံတွင် ညက်အောင်ထောင်းပါ။ ငရုတ်ဆုံမရှိပါက ကြိတ်စက်ဖြင့် ကြိတ်ပါ။
  4. ချက်မည့်ဒယ်အိုးထဲသို့ ဆီများထည့်ပါ။ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပါ။
  5. အနံ့များမွှေးလာပါက အရောင်တင်မှုန့်ကို ထည့်ပါ ။ အရောင်တက်လာပါက လှီးထားသော ခရမ်းချဉ်သီးများထည့်၍ နှံ့အောင် မွှေ၍ ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထားပါ။
  6. မိနစ်အနည်းငယ်ကြာပြီးနောက် ခရမ်းချဉ်သီးများ နူးအိပြီး အနှစ်ကျသည်အထိ ဇွန်းဖြင့် ချေပါ။ခရမ်းချဉ်သီးများ အနှစ်ကျလာပါက ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ထည့်၍ ရေအနည်းငယ် ထည့်ပါ။ (မှတ်ချက်-ဆိတ်သားခြောက်နှင့် ခရမ်းချဉ်သီးကို အတူမထည့်ဘဲ သီးခြားစီခွဲထည့်ရပါမယ်နော်။ ခရမ်းချဉ်သီးနဲ့အတူ ဆိတ်သားခြောက်ကိုပါ အတူထည့်ပါက ခရမ်းချဉ်သီးများသည် အနှစ်မကျဘဲ အတုံးလိုက်ဖြစ်နေတတ်ပြီး ပါးပါးလှီးထားသော ဆိတ်သားခြောက်များ ကျေသွားတတ်ပါတယ်နော်။ ဒါ့အပြင် ခရမ်းချဉ်သီး နူးနပ်တဲ့အနံ့မဟုတ်ဘဲ စိမ်းနံ့နံတတ်ပါတယ်နော်။)
  7. ဆိပ်သားခြောက်များ နူးအိပြီး ဆီပြန်လာပါက မီးလျှော့၍ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်များထည့်၍ အိုးမကပ်စေရန် နှံ့အောင်မွှေပါ။ ကြိုက်နှစ်သက်ပါက နံနံပင်များထည့်နိုင်ပါတယ်နော်။
  8. ဒါဆိုရင် ဆိတ်သားခြောက် ခရမ်းချဉ်သီး ဆီပြန်ဟင်းလေးကို သူနဲ့ ဟင်းတွဲဖြစ်တဲ့ ဘူးရွက်ဟင်းချိုလေး သို့မဟုတ် ဘူးသီးဟင်းခါးလေးနဲ့ သရက်ချဉ်သုပ်လေးနဲ့ တွဲဖက် စားသုံးလိုက်ရင် ထမင်းမြိန်စေမှာ အမှန်ပါပဲနော်။

 

 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive