ရှာဖွေရန်

ငပိထောင်း

 

ပါဝင်ပစ္စည်းများ

ငပိထောင်းဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ငပိ ဟင်းစားဇွန်းတစ်ဇွန်းခန့်( မိမိအိမ်ရဲ့ မိသားစုဝင် အနည်း/အများနဲ့ ၎င်းတို့ရဲ့ ကြိုက်နှစ်သက်မှုအပေါ် မူတည်၍ ပမာဏခန့်မှန်းပါ)၊
  •  ငရုတ်သီးစိမ်း ၁၅ တောင့်( အစပ်ကြိုက်နှစ်သက်ပါက ငရုတ်သီးပိုမိုထည့်သုံးနိုင်ပါသည်)
  • ပုစွန်ခြောက် လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်တော့ ပုစွန်ခြောက်ကို (၃)မိနစ်ခန့်ရေစိမ်လိုက်ပါ။ ပြီးရင် ဇကာတစ်ခုနဲ့ဆယ်ထားပါ။
  2. ငရုတ်သီးစိမ်းများကို ရေဆေး၍ အညှာများ ဖယ်ထားပြီး ‌ရေစစ်ထားပါ။ ရေမစစ်ထားမိရင် ငပိထောင်းတဲ့အခါ အရည်တွေနဲ့ စိုစွတ်ပြီး မျက်လုံးထဲဝင်တတ်ပါတယ်နော်။
  3. ငပိထောင်းဖို့အတွက် ငပိကို မီးသွေးမီးဖိုရှိရင်တော့ ငပိကို များများကင်ထားပြီး လိုသလောက်ပဲ ထောင်းပြီး ကျန်တာကို ဘူးသန့်သန့်နဲ့ထား၊ လိုအပ်လို့ယူသုံးရင်လည်း သီးသန့်ဇွန်းနဲ့ခပ်သုံးတာအဆင်ပြေပါတယ်နော်။ မီးသွေးမီးဖိုနဲ့ဖုတ်ထားတဲ့ ငပိကတော့ ပိုမွှေးတယ်လို့ ထင်တာပဲ။ မီးသွေးမီးဖိုမရှိရင်တော့ ဒယ်အိုးထဲမှာ ငပိကို ပြန့်နေအောင် ပြားထားပြီး အပူပေးလိုက်ပါ။ အနံမွှေးလာရင် အခြားတစ်ဖက်ကို ဇွန်းနဲ့ကော်ပြီး ပြောင်း၍ အပူပေးပါ။ ငပိကင်ပြီးရင် အဲ့အိုးထဲမှာပဲ ငရုတ်သီးစိမ်းများကို ထည့်၍ လှော်ပါ။ ငရုတ်သီးစိမ်းကို လှော်ပြီးမှစားသုံးခြင်းဟာ ဗိုက်အောင့်ဗိုက်နာ သိပ်မဖြစ်ပါဘူးနော်။
  4. ကင်ထားတဲ့ငပိလည်းရပြီ၊ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်လည်း ရေစစ်ပြီးသွားရင် ငရုတ်ဆုံထဲမှာ အားလုံးကို ရောပြီး မညက်တညက် ထောင်းပါ။
  5. ဒါဆိုရင်တော့ ခံတွင်းမြိန်စေပြီး လုပ်ရတာလွယ်ကူတဲ့ ငပိထောင်းလေးရပါပြီနော်။ ငပိထောင်းထဲကို ဆီမထည့်ဘဲ စားသုံးရတာ ပိုပြီးအရသာရှိပါတယ်နော်။ ငပိထောင်းလေးနဲ့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ရုံးပဒေသီးချဉ်ရည်လေးနဲ့ ကြက်သားသုပ် သို့မဟုတ် ဝက်သားသုပ်လေးနဲ့ တွဲဖက်စားသုံးလိုက်ရင်တော့ အင်မတန်စားမြိန်တဲ့ ဟင်းတစ်ခွက် ဖြစ်လာမှာ ဧကန်မလွဲပါဘူးနော်။
Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive