ရှာဖွေရန်

ခရမ်းချဉ်သီးငပိချက်

 


ငပိကတော့ မြန်မာလူမျိုးတွေရဲ့ နှစ်သက်ခုံမင်တဲ့ အစားအစာတစ်ခုပါ။ ငပိချက်ကို အသား ငါး၊ အသီးအနှံတွေနဲ့လည်း ရောပြီး ချက်စားလေ့ရှိကြပါသေးတယ်။ မြန်မာလူမျိုးတွေ နိုင်ငံခြား ကို ရောက်နေပြီဆိုရင်တော့  မြန်မာပြည်ရဲ့ဘယ်အစားအစာကို အလွမ်းဆုံးလဲဆိုရင် ငပိချက်၊ ငပိရည်၊ လက်ဖက်သုပ်၊ မုန့်ဟင်းခါးစသဖြင့် အများစုက ဖြေကြမှာမလွဲပါဘူးနော်။ ဒီနေ့မှာ တော့ ခရမ်းချဉ်သီးငပိချက် ဆီပြန်ဟင်း ချက်နည်းလေး ဝေမျှချင်ပါတယ်။ ခရမ်းချဉ်သီး ငပိချက် အတွက် လိုအပ်မည့် ပစ္စည်းတွေကတော့-

  • ခရမ်းချဉ်သီး(၅)လုံး
  • ကြက်သွန်နီ(၅ )လုံး
  • ငပိ လက်ဖက်စားဇွန်း(၁)ဇွန်းခန့်
  • ပုဇွန်ခြောက် ဟင်းစားဇွန်း(၁)ဇွန်း
  • ငရုတ်သီးကြမ်းမှုန့် ဟင်းစားဇွန်း(၁)ဇွန်း
  • နံနံပင်(၅)ပင်
  • ငရုတ်သီးအစိမ်း(၅)တောင့်
  • ဆီ ဟင်းစားဇွန်း(၃)ဇွန်း
  • ဆား
  • ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်တို့ လိုအပ်ပါတယ်နော်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ခရမ်းချဉ်သီး၊ ကြက်သွန်နီတို့ကိုရေဆေး၍ လှီးထားပါ။
  2. ပုစွန်ခြောက်ကို ရေစိမ်ထားပါ။ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကိုရေဆေး၍ လှီးဖြတ်ထားပါ။
  3. ငပိချက်ချက်မည့်အိုးထဲသို့ ဆီထည့်၍ ဆီပူလာပါက ငပိ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးအကြမ်းမှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။ ငပိအနံ့မွှေးလာပြီး ငရုတ်သီးအရောင်များ တက်လာပါက ပုစွန်ခြောက်ထည့်ပြီး ခရမ်းချဉ်သီးများ နူးအိစေရန် ရေတစ်ဖန်ခွက်ခန့် ထည့် ပြီး အဖုံးအုပ်ထားပါ။
  4. ခရမ်းချဉ်သီးနှင့်ကြက်သွန်နီများ နူးအိစေရန် ဇွန်းဖြင့် မကြာခဏ ချေပြီးမွှေပေးပါ။ ကြက် သွန်နီ ခရမ်းချဉ်သီးများ မကျေသေးပါက ရေအနည်းငယ်ထပ်ဖြည့်၍ အဖုံးအုပ်ပြီးတည်    ထားပါ။(ခရမ်းချဉ်သီးငပိချက်တွင် ခရမ်းချဉ်သီးအနှစ်ရမှသာ စားသုံးရာတွင် ပိုမိုအရသာရှိပါသည်။ ခရမ်းချဉ်သီးကို ကြိတ်စက်ဖြင့် ကြိတ်ချေ၍ ချက်သော အရသာထက် ခရမ်းချဉ်သီးကို မီးဖြင့် နူးအိအောင် ချက်သော အရသာကို ပိုပြီးကြိုက်ပါတယ်နော်)
  5. ခရမ်းချဉ်သီးများနူးအိလာပြီး ဆီများထွက်လာပါက ဆား၊ ဟင်းချိုမှုန့်များထည့်၍ အရသာမြည်းစမ်းကြည့်ပါ။ အရသာ သင့်တင့်ပါက နံနံပင်နှင့် ငရုတ်သီးစိမ်းများထည့်၍ ဟင်းအိုးမီးပိတ်ကာ ခရမ်းချဉ်သီးငပိချက်ကို သုံးဆောင်နိုင်ပါပြီ။

ခရမ်းချဉ်သီးငပိချက်ကို အတို့အမြှုပ်အစုံနဲ့ ပဲဟင်း၊ ကြက်ကြော် သို့မဟုတ် ဝက်သား၊ ဆိတ်  သားအကြွပ်ကြော်တို့နဲ့ တွဲဖက်စားသုံးမည်ဆိုပါက စားမြိန်စေမှာ အသေအချာပါပဲနော်။

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive