ရှာဖွေရန်

ဇီချွမ်းဖက်ထုပ်ချဉ်စပ်

 

ဇီချွမ်းဖက်ထုပ်ချဉ်စပ်
Sichuan Spicy Wontons
ဖက်ထုပ်ကိုဒေသအလိုက်ပုံစံအမျိုးမျိုးသုံးဆောင်ကြတဲ့အထဲကဇီချွမ်းပုံစံဖက်ထုပ်ချဉ်စပ်ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ဖက်ထုပ်ရွက်ပြုလုပ်ပုံ
***************
(၂၅ခုစာ)
ဂျုံမှုန့် (All purpose flour)- ၂၀၀ဂရမ်
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ေရဆူ - ၁၂၀ ml
ဆီ - တစ်ဇွန်း စားပွဲဇွန်း
ဂျုံ - တစ်ပန်းကန်(လက်ကိုင်ဂျံု)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဇလုံတခုတွင်ဂျုံနှင့်ဆားထည့်ပြီးသမအောင်မွေပါ။ရေဆူကိုနည်းနည်းဆီထည့်ပြီးဇွန်းဖြင့်သမအော င်မွေပေးပါ။
2.လုံးလာပြီးလက်ဖြင့်ကိုင်၍ရသောအနေအထားရောက်ပါကလက်ဖြင့်နယ်ပေးပါ။ဂျုံအနည်းငယ်ြ ဖူးပြီးနယ်ပေးပါ။ချောမွေ့လာပါကဆယ်မိနစ်ခန့်ဖုံး အုပ်ပြီးနှပ်ထားပါ။
3.နှပ်ပြီးပါကဂျုံလုံးကိုအရှည်လိုက်လိမ့်ပေးပြီး၂၅လုံးညီတူမျှတူပိုင်းဖြတ်ပါ။
4.တစ်ပိုင်းဆီကိုဂျုံမှုန့်ဖြူးပြီးပြန့်နေအောင်လိုချင်သောအနေထားထိဖြန့်ပါ။
5.ပြီးလျှင်ဂျုံမှုန့်ဖြူးပြီးထပ်ထားကာလေလုံအောင်ဖုံးထားပြီးဖက်ထုပ်ပြုလုပ်ရန်အသင့်ဖြစ်ပါပြီ။
❀အများအပြားထပ်မထားရကပ်သွားတတ်သည်။
ပါဝင်ပစ္စည်း
*********
ဖတ်ထုပ်ရွက် - ၂၅ရွက်
ကြက်သား  - ၁၅၀ ဂရမ်
မုန်ညင်းဖြူ - ၄ရွက်
ကြက်သွန်မိတ်/ကျိုချိုက် - အနည်းငယ်
ဆား -  တစ်ဇွန်း (လ္ဘက်ဇွန်း)
သကြား- ဇွန်းတဝက်
ငရုပ်ကောင်းဖြူမှုန့် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ဂျင်း - သေးသေးစိတ် တစ်ဇွန်း
နှမ်းဆီမွေး - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြက်သားကိုနုတ်နုတ်စင်းထားပါ။မုန်ညင်းဖြူကိုရေနွေးဖျောပြီးရေညစ်ထားကာနုတ်နုတ်စင်းထည့်ပါ။ကြက်သွန်မိတ်/ကျုံချိုက်တို့ကိုေ သးသေးစိတ်ထည့်ပါ။
2.ဆား၊သကြား၊ပြောင်းမှုန့်၊နှမ်းဆီ၊ငရုပ်ကောင်း မှုန့်ဂျင်းတို့ကိုထည့်ပြီးတူဖြင့်စေးလာအောင်မွေပေးကာအဖုံးအုပ်ပြီးရေခဲသေတ္တာတွင်မိနစ်သုံးဆယ်ခန့်နှပ်ထားပါ။တညကျိုနပ်ထား၍လည်းရပါတယ်။
(ဟင်းချက်ဝိုင်အသုံးပြုပါကအနည်းငယ်ထည့်နိုင်ပါတယ်)
3.ဖက်ထုပ်ဖက်ကိုလက်ပေါ်တင်ပြီးနှပ်ထားသောအသားကိုထည့်ကာအနားသားလေးများခေါက်ကာပုံဖော်ပေးပါ။
4.အားလုံးထုပ်ပြီးသွားပါကအိုးတလုံးဖြင့်ရေနွေးတည်ထားပါ။
5.ရေနွေးဆူပွက်ပါကဖက်ထုပ်များထည့်ပြီးပြုတ်ပေးပါ။နှစ်မိနှစ်ခန့်ဆူပွက်ပြီးပါကဆယ်ယူကာပန်းကန်တွင်ထည့်ပါ။(ခေါက်ဆွဲရောလိုပါကခေါက်ဆွဲကိုရေနွေးဖျောထည့်ပါ။)
6.ပြီးလျှင်ဇီချွမ်းဆော့စ်ဖြင့်ထည့်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ဇီချွမ်းဆော့ပြုလုပ်ပုံ
**************
ဇီချွမ်းငရုပ်ဆီ - နှစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - နှစ်ဇွန်း
ရှာလကာရည် - ၂ဇွန်း
နှမ်းဆီမွေး- အနည်းငယ်
ကြက်သွန်ဖြူ - တစ်ဇွန်း (အစိမ်း/ဆီချက်)
နှမ်းလှော် - အနည်းငယ်
သကြား - ဇွန်းတဝက်
နံနံပင် - အနည်းငယ်
မြေပဲ - အနည်းငယ် (optional)
ရေ - ၅ဇွန်း
❀ပန်းကန်တခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးသမအောင်မွေပေးကာအပေါ့အငံလိုသလိုပြုပြင်ပါ။
❀ကြက်သွန်ဖြူအစိမ်းမနှစ်သက်ပါကဆီချက်ချက်ပြီးသားအစားထိုးသုံးနိုင်ပါတယ်။
❀ဇီချွမ်းငရုပ်ဆီပြုလုပ်ရန်ဇီချွမ်းငရုပ်ကောင်းတစ်ဇွန်းနာနတ်ပွင့်၂ပွင့်ကိုဆီ၅ဇွန်းစာဖြင့်မွေးလာအောင်ဆီသပ်ပါ။မွေးလာပါကဆီကိုစစ်ယူပြီးငရုတ်သီးမှုန့်၃ဇွန်းထည့်ပြီးအပူပြန်ပေးပါ။မွေးလာပါကမွေပြီးမီးဖိုမှချပါ။မကျွမ်းအောင်ဂရုပြုပါ။
ဇီချွမ်းငရုပ်ကောင်း(ဟွားကျောက်)တရုတ်ကုန်စုံဆိုင်များတွင်မေးဝယ်နိုင်ပါတယ်

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu

Blog Archive