ရှာဖွေရန်

ရှမ်းခေါက်ဆွဲ ချက်ပြုတ်ပြင်ဆင်နည်း အကြောင်းသိကောင်းစရာ။


 

       ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အထင်ကရ ဆွဲဆောင်မှုရှိ လှသော နေရာ တစ်ခုဖြစ်ပါသည်။  ထင်ရှားလှသော ရှမ်းရိုးရာ အစားအစာများ နှင့် လှပလှသော အင်းလေးကန်ကြောင့် အထူး ကျော်ကြားလှပါသည်။ အင်းလေးကန်ရှိ ရေပေါ် စိုက်ခင်း များမှာလည်း တစ်မူထူးခြားလှပြီး မြင်တွေ့ရခဲသော ခြေထောက် တစ်ဖက်တည်းကိုသာ အသုံးပြုပြီး လှေလှော်ခတ်သူများကို လည်း ရှမ်းပြည် နယ်တွင် သာ တွေ့ရှိနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် ရိုးရာ အစားအစာမြောက်မြားစွာ ရှိုပြီး ရှမ်းထမင်းချဉ်၊ မြီးရှည်၊ ရှမ်းတို့ပူး နှင့် ရှမ်းခေါက်ဆွဲတို့မှာ အထူးကျော်ကြားသော အစားအစာများ ဖြစ်ကြသည်။

ရှမ်းခေါက်ဆွဲသည် ရှမ်းလူမျိုးတို့၏ ရိုးရာ အစားအစာ ဖြစ်ပါသည်။ ရှမ်းခေါက်ဆွဲသည် ဆန်ခေါက်ဆွဲနှင့် ဝက်သား(သို့မဟုတ်) ကြက်သား ဖြင့်ရိုး ရှင်းစွာ ပြုလုပ်စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံ တွင် လူကြိုက်များလှသော အစားအစာ တစ်ခုဖြစ်ပြီး ထင်ရှားကျော်ကြားလှပြီး နေ့လည်စာ အဖြစ်လည်းကောင်း၊ ညစာ အဖြစ်လည်းကောင်း ၊ အဆာပြေစားသုံးစရာ အဖြစ်လည်းကောင်း စားသုံးလေ့ရှိကြသည်။ ရှမ်းခေါက်ဆွဲကို ချက်ပြုတ်ရာတွင်လည်း ဒေသအလိုက် ချက်ပြုတ်နည်းများ အမျိုးမျိုး ကွာခြားလှပါသည်။ ရှမ်းခေါက်ဆွဲကို စားသုံးရာတွင် မုန်ညှင်း ချဉ်နှင့်တွဲဖက်ကာ ရှမ်းခေါက်ဆွဲ အရည်နှင့် ရှမ်းခေါက်ဆွဲသုပ် ဟူ ၍ စတိုင် (၂)မျိုးဖြင့် စားသုံးနိုင်ပါသည်။ အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲကိုအိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လို ပြုလုပ်စားသုံးနိုင်မလဲ။ ရှမ်းခေါက်ဆွဲ ကြိုက်နှစ်သက်သူများအတွက် လွယ်လွယ်ကူကူ ချက်ပြုတ် စားသောက်နိုင်မဲ့ ရှမ်းခေါက်ဆွဲ ချက်နည်းလေးကို ပြောပြပေးပါမည်။ ပြုလုုပ်ရလွယ်ကူတဲ့ ရှမ်းခေါက်ဆွဲ လေးကို အတူတူ ပြင်ဆင်ကြည့်လိုက်ရအောင်။ မိမိနှစ်သက်ရာ ဝက်သား(သို့မဟုတ်) ကြက်သားကိုအသုံးပြုနိုင်ပါသည်။  အခုပဲ စတင်ပြီး ချက်ကြည့် လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • နှုတ်နှုတ်စင်း ထားသော ၂၀၀ ဂရမ် ကြက်သား (သို့မဟုတ်) ဝက်သား။
  • ရှမ်းခေါက်ဆွဲခြောက် ၁ ထုပ်။
  • ကြက်သွန်နီ (ပါးပါးလှီးထားပါ။)
  • ထောင်းထားသော ဂျင်အနည်းငယ်။
  • ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်။
  • ခရမ်းချဉ်သီး ၄ လုံး။
  • ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ပဲပုပ်အနှစ် လက်ဖက်ရည်ဇွန်း  ၂ ဇွန်းခန့်။
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်။
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • မြေပဲမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။
  • ဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်။
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း၁ ဇွန်းခန့်။

-ခရမ်းချဉ်သီး အချို့ကို ရေတစ်ခွက်ခန့်ထည်ကာ ဆားအနည်းငယ်ထည့်ကာခရမ်းချဉ်သီး အခွံများ ရှုံ့တွ လာသည်အထိ မိနစ်အနည်းငယ်ခန့် ပြုတ်ပါ။  ထို့နောက် ခရမ်းချဉ်သီးများကို ဆယ်ယူကာ အအေးခံထားပါ။

-အအေးခံထားစဉ် အတွင်း ကြက်သားကို နှုတ်နှုတ်စင်းထားပါ။ ထို့နောက် ပဲငပိဆော့စ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ဆား နှင့် သကြားအနည်းငယ်ကို ကြက်သားတွင် နယ်ကာ အရသာသွင်းပါ။

-ခရမ်းချဉ်သီးများအေးလာပြီဆိုလျှင် အခွံများကို ခွာပါ။ ခရမ်း ချဉ်သီးများကို အစေ့ဖယ်ထုတ်ကာ နှုတ်နှုတ်စင်းထားပါ။

-ရှမ်းခေါက်ဆွဲခြောက်(သို့မဟုတ်) ဆန်ခေါက်ဆွဲခြောက်ကို ပျော့ပျောင်းနူးညံ့ လာသည်အထိ ပြုတ်ထားပါ။ ထို့နောက် ပန်းကန်ထဲတွင် ထည့်ထားပါ။

-ဒယ်အိုးတွင် ဆီထည့်ကာ ဆီပူလာအောင် ပြုလုပ်ပါ။ ဆီပူလာလျှင် ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့်များကို  အနံ့များမွှေးကြိုင်လာသည်အထိ ထားပါ။ ထို့နောက် နှုတ်နှုတ်စင်းထားသော အသားများကို ကျက်သည်အထိ ချက်ပြုတ်ကာ နှုတ်နှုတ်စင်းထားသော ပဲငပိ အနှစ်၊ ၊ ငံပြာရည်၊ ပဲငံပြာရည် အကြည်တို့ကို ရော ထည့်ကာခရမ်းချဉ်သီးအဖက်လေးများ လိပ်လာပြီးဆီပြန်လာသည်အထိ အနှစ်ပုံစံ ရရှိလာအောင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အထိထားကာ ချက်ပြုတ်ပါ။ ချက်ပြုတ်နေစဉ် အတွင်း ဟင်းအနှစ် သည် အလွန် ခြောက်ကပ်နေလျှင် ရေ အနည်းငယ်ထည့်ကာ ချက်ပြုတ်ပေးပါ။  ဆီပြန်ပြီး အနှစ်ရလာပြီဆိုလျှင် အိုးကိုချနိုင်ပါပြီ။

-ပန်းကန်ပြားထဲရှိ ပြုတ်ထားပြီးသားသော ဆန်ခေါက်ဆွဲများကို ရှမ်းခေါက်ဆွဲ စားသုံးမည့် ပန်းကန်လုံးထဲသို့ထည့်ပါ။ ထို့နောက် မြေပဲမှုန့်၊ ပဲငံပြာရည် အရည်၊ ကြက်သား ဟင်းအနှစ်တို့ကို ထည့်ကာ ရောမွေပြီး စားသုံးနိုင်ပါပြီ။ ရှမ်းခေါက်ဆွဲ အရည် ကြိုက်နှစ်သက်သူများအတွက် ကြက်ပြုတ်ရည်ကို ဆမ်းကာ စားသုံးနိုင်ပါသည်။ ရှမ်းခေါက်ဆွဲကို မုန်ညှင်းချဉ်၊ ဝက်ခေါက်ကြော်တို့ဖြင့် တွဲဖက် စားသုံးနို်င်ပါသည်။

-အရသာ ရှိလှတဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။ 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu