ရှာဖွေရန်

၃၀၀၀ ကျပ် တည်းနဲ့ ဖက်ထုပ်အဝ လုပ်စားမယ်။

 

         

            ဖက်ထုပ်ပြုတ်ဆိုတာ လူကြိုက်များတဲ့ တရုတ် အစားအစာတစ်မျိုးပါ။ လုပ်ရတာ လွယ်ကူသလို စားလို့လည်းတကယ်ကောင်းပါတယ်။ ဆိုင်မှာစားရင် စားလို့ကလည်း မဝသေး၊ ပိုက်ဆံ ကုန်မှာလည်း စိုးတဲ့ သူတွေအတွက် အိမ်မှာ ၃၀၀၀ ကျပ် ဝန်းကျင်နဲ့ ဖက်ထုပ်ပြုတ်အဝ လုပ်စားကြည့်ရအောင်။

 

ပါဝင်ပစ္စည်း နှင့် ကုန်ကျစရိတ်

ဖက်ထုပ်ရွက် ၂ ထုပ်- ၈၀၀ ကျပ် (၄၀၀ကျပ် x ၂)
(တစ်ထုတ်မှာ အခု ၂၀ ခန့်ပါပြီး စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။)
ကြက်သား ၂၀၀ ဂရမ် – ၁၅၀၀ ကျပ်
ကြက်ဥတစ်လုံး – ၁၅၀ ကျပ်
ကုဆိုင် ၁ စည်း – ၃၀၀ ကျပ်
ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ ကြက်သွန်ဖြူ – ၁၀၀၀ကျပ်
ရေ

ပြုလုပ်နည်း

          ကြက်သားကို နှုတ်နှုတ်စင်းထားပြီး ကြက်သားမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် ၄ ဇွန်းခန့် နဲ့ ရောနယ်ပါ။ ပြီးရင်တော့ နှုတ်နှုတ်စင်းထားသော ကြက်သွန်ဖြူအနည်းငယ်၊ ပါးပါးလှီးထားတဲ့ ကုဆိုင်ကို ရောနယ်ပါ။ ဖက်ထုပ်ရွက်လေးတွေပေါ်မှာ နယ်ထားတဲ့ အသားကို ထည့်ပါ။ ပြီးရင်တော့ ဖက်ထုပ်ရွက်ကို တြိဂံ ပုံစံခေါက်ပြီး ဘေးနှစ်ဖက်က ဖက်ထုပ်ရွက်ကိုလိမ်ပြီး ခေါက်ထည့်လိုက်ပါ။ အိုးတစ်လုံးထဲသို့ ရေနဲ့ ကြက်သွန်ဖြူ ကို ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ ပြီးရင်တော့ လိပ်ထားတဲ့ ဖက်ထုပ်လေးတွေကို ၅ မိနစ်ခန့်ထည့်ပြုတ်ပါ။

        ဖက်ထုပ်တွေ ကျက်ပြီဆိုရင်တော့ ပုဂံလုံးထဲ ထည့်ကာ ငရုတ်ကောင်းမှုန့်၊ ဟုဆိုင်အနည်းငယ် ခတ်ကာ သုံးဆောင်နိုင်ပါပြီ။ ချဉ်ငံစပ် ကြိုက်တယ်ဆိုရင်တော့ ငရုတ်သီး အနည်းငယ်ညှပ်၊ သံပုရာသီးလေး ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ။

 

 

Share:

Popular Posts

ၸိူင်းငဝ်းတူင်ႉ ၽႃႇသႃႇလိၵ်ႈတႆး. Powered by Blogger.

Contact Us

Tel: +959691051467




MM Chef ဟင်းချက်နည်း အပ်ပလီကေးရှင်းသည် အချက်အပြုတ်ဝါသနာရှင်များအတွက် အထူးပင် အသုံးဝင်သော ဖုန်းဆော့ဝဲ တစ်ခုဖြစ်ပါသည်။

Recent Posts

Blog Archive

  • ()

BTemplates.com

About

About

Blogroll

Pages - Menu